မော်ဒယ်၊အလှမယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ သူမတူတဲ့အလှတရားတွေကြောင့် နာမည်ကျော်နေသူလေး ဖြစ်ပါတယ်။ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာတောင် အားပေးမှုအများဆုံးရရှိခဲ့တဲ့ ရွှေအိမ်စည်က ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြစ်မျိုးမှဲ့မထင်အောင် လှနိုင်လွန်းတဲ့ သူမရဲ့Body အလှကတော့ ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။

လတ်တလောမှာ အိမ်စည်က ရုပ်ရှင်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီဖြစ်သလို ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်ကထက် ရဲရင့်တက်ကြွတဲ့အသွင်နဲ့ စွဲမက်ဖွယ်ကောင်းလောက်အောင် အလှတိုးလာတာလည်း တွေ့ရပါတယ်။ အခုလည်း အိမ်စည်က ရေကူးဝတ်စုံနဲ့ အပြတ်လန်းနေတဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို မျှဝေထားပါတယ်။

အိမ်စည်က ''ဝါးဝါးလေးပါပဲ ဒါမဲ့ view ကတော့သေလောက်တယ် နောက်တစ်ခေါက်ထပ်လာရမယ် '' ဆိုပြီး ဆွဲဆောင်မှုရှိတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ မြင်သူတိုင်း သည်းထိတ်ရင်ဖိုဖြစ်စေလောက်တဲ့ အိမ်စည်ရဲ့အလှကတော့ ကြည့်ရှုလို့မဝနိုင်လောက်အောင်ပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေအိမ်စည်ရဲ့ ရေကူးကန်ထက်က အမိုက်စားအလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Eain Si;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။