ရန်ကုန်ယူနိုက်တက်အသင်းရဲ့ AFC Champions League ဒုတိယအဆင့်ခြေစစ်ပွဲကိုတော့ညနေညမြန်မာစံတော်ချိန်၆:၃၀မှာယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ပထမအဆင့်တုန်းက ဖိလစ်ပိုင်ကလပ်ကိုအဝေးကွင်းမှာအနိုင်ရခဲ့တဲ့ရန်ကုန်ယူနိုက်တက်အသင်းဟာထိုင်းထိပ်သီးချင်းရိုင်ယူနိုက်တက်အသင်းကိုဘယ်လိုအနိုင်ယူမလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာမနှစ်ကပြည်တွင်းမှာဖလား၃လုံးဆွတ်ခူးနိုင်တဲ့အသင်းဖြစ်သလိုချင်းရိုင်ယူနိုက်တက်အသင်းကလည်းထိုင်း FAဖလားချန်ပီယံဖြစ်တာပါ။ပရိသတ်၁သောင်းကျော်ဆန့်တဲ့ချင်းရိုင်အသင်းအိမ်ကွင်းမှာမနှစ်ကလိုခြေစွမ်းတွေပြပြီးမြန်မာပရိသတ်တွေအတွက်ပျော်ရွှင်မှုတွေယူပေးနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဒ်ကိုခဏရပ်နားထားတာကြောင့်လေ့ကျင့်ပြင်ဆင်ချိန်ပိုရတဲ့ရန်ကုန်ယူနိုက်တက်အသင်းရဲ့အသင်းသားတွေကလည်းစိတ်ဓာတ်ပိုင်းအမြင့်ဆုံးရောက်နေတာပါ။မြန်မာကလပ်တွေနဲ့ချင်းရိုင်အသင်းဟာတစ်ကြိမ်တွေ့ဆုံခဲ့ပြီးကမ္ဘောဇယခု(ရှမ်းယူနိုက်တက်)အသင်းနဲ့တွေ့ဆုံဘူးပြီး(၁-ဝ)နဲ့ရှုံးနိမ့်ခဲ့ဘူးတာပါ။ဒီတစ်ခေါက်ရန်ကုန်အသင်းရောချင်းရိုင်အသင်းကိုဘယ်လိုခြေစွမ်းပြပြီးအနိုင်ယူမလဲဆိုတာကတော့ယနေ့ည၆:၃၀မှာစောင့်မျှော်ရင်းအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Source:Yangon United 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။