ပရိတ်သတ်တွေက သည်းသည်းလှုပ်ချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချစ်သက်ကတော့ အရမ်းကို အရည်အချင်းရှိတဲ့ သူတစ်ယောက် ပါ။ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ ဘ။ကို ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေမှာလည်း မလှစ်ဟင်းစေပဲ အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

ပရိသတ်တွေအသည်းကျော်လေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ရဲ့ မေမေဖြစ်တဲ့ ချစ်သုဝေရဲ့ တေးစီးရီး မိတ်ဆက်ပွဲလေးကို သွားရောက် ချီးမြှင့်ရင်း ချစ်စရာကောင်းတဲ့ အမြွှာလေးတွေနဲ့ ရင်းနှီးအောင်ကြိုးစားခဲ့တဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ မေမေ ချစ်သုဝေရဲ့ အသည်းကျော်လေးဖြစ်တဲ့ ခေတ်နဲ့ သစ်လေးက ချစ်သက်နဲ့ တွေ့တော့ အရမ်းကို သဘောကျနေတဲ့ ပုံရိပ်လေးကို မြင်တွေ့ရမှာပါ။

အမေတစ်ယောက်လည်း ဖြစ် ကလေးလေးတွေကိုအရမ်းချစ်တတ်တဲ့ ချစ်သက်က ခေတ်နဲ့ သစ်လေးကို တွေ့ပြီး အသည်းတွေယားနေတာပါ။ ခေတ်နဲ့ သစ်လေးကို မုန့်တွေပေးရင်း ရင်းနှီးမှုတွေအရယူနေတဲ့ ချစ်သက်တို့်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။