ပရိသတ်ကြီးရေ.. ချစ်သက်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော သက်မွန်မြင့်ကတော့ ချစ်စရာကောင်းလွန်းတဲ့ ပွင့်လင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်တဲ့ အနုပညာရှင်မင်းသမီးချောတစ်ဦးဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးမို့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီတစ်ဦးပါပဲ..။

ချစ်သက်လေးကတော့ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုတော်သရုပ်ဆောင် ချစ်သုဝေရဲ့ သီချင်းအယ်လ်ဘမ်အသစ် မိတ်ဆက်ပွဲ အခမ်းအနားလေးကိုလည်း ခင်ပွန်းသည်နဲ့အတူ တက်ရောက်လာခဲ့ပါတယ်..။

ခင်ပွန်းသည်နဲ့ ရွှေလက်တွဲပြီး ပွဲတက်ရောက်လာခဲ့ပြီး အခမ်းအနားပွဲမှာလည်း သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

ချစ်စရာကောင်းတဲ့ ချစ်သက်လေးကတော့ ဘယ်အချိန်ကြည့်ကြည့် ကလေးတစ်ယောက်လို့ ဖြူစင်ပြီးပွင့်လင်းတဲ့ သူမရဲ့ ပင်ကိုယ်ဟန်ပန်လေးတွေကလည်း ပရိသတ်တွေကို တကယ်ပဲ အချစ်ပိုစေပါတယ်နော်..။

လတ်တလောမှာတော့ အခမ်းအနားပွဲမှာ ပျော်နေတဲ့ ချစ်သက်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သက်မွန်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။