ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့စုံတွဲလေးကတော့ နှစ်အတော်ကြာအောင် တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိရှိနဲ့ ရွှေလက်တွဲနေကြတဲ့ ချစ်သူနှစ်ဦးပဲ ဖြစ်ပါတယ်။ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတဲ့ သူတို့ချစ်သူနှစ်ဦးက ချစ်သူသက်တမ်း (၇) နှစ်နီးပါးခန့်ရှိနေပြီ ဖြစ်ပါတယ်။ အားလုံးက သဘောတူအားပေးကြတဲ့ သူတို့စုံတွဲလေးက အနုပညာအလုပ်တွေကိုလည်း အတူတူ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

အခုလည်း မကြာခင်မှာကျရောက်တော့မယ့် ချစ်သူများနေ့အတွက် ကောင်းပြည့်က ချစ်သူလေး သန္တာဗိုလ်ကို လက်ဆောင်လေးတစ်ခု လိုက်ဝယ်ပေးခဲ့ပါတယ်။ ကောင်းပြည့်က ချစ်သူလေးကို ''ပတ်ကား'' ရွှေဆိုင်ကိုခေါ်သွားပြီး စိတ်ကြိုက်ရွှေဟန်းချိန်းလေးတစ်ခုကို ရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။ သန္တာဗိုလ်ကတော့ သူမနဲ့ကောင်းပြည့်ရဲ့ နာမည် English စာလုံးလေးတွေပါတဲ့ ဟန်းချိန်းလေးတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။

ချစ်သူကိုယ်တိုင်လိုက်ဝယ်ပေးတဲ့ Valentine Day လက်ဆောင်လေးကြောင့် သန္တာဗိုလ်တစ်ယောက် အရမ်းကိုပျော်ရွှင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ကောင်းပြည့်ကလည်း ချစ်သူကောင်မလေးရဲ့ စိတ်ကြိုက်လက်ဆောင်လေး ဝယ်ပေးခဲ့ရတဲ့အတွက် ကျေနပ်ပီတိတွေဖြစ်လို့နေပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့စုံတွဲရဲ့ ကြည်နူးစရာကောင်းတဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kaung Pyae & Thandar Bo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။