ကုသိုလ်ရေးတွေ ၊ပရိဟိတတွေနဲ့ အမြဲအချိန်ပေးနေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ နောက်ထပ် ကလေးသူငယ်များနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတစ်ခု လုပ်နေတယ်လို့ သိရပါတယ်။

ဒီနေ့မတ်လ(၂၃)ရက်နေ့မှာတော့ ခိုင်နှင်းဝေ ဟာ ဧဒင် မသန်စွမ်းကလေးများအကြောင်းကို ကိုယ်တိုင်သွားရောက်လေ့လာပြီး ကလေးများအားလုံး တန်းတူ အခွင့်အရေးရရှိရေး ၊ ခွဲခြားဆက်ဆံခံရခြင်း ကင်းဝေးစေရန်၊ ဘဝရပ်တည်မှုခိုင်မာစေရန်အတွက် United Act ရဲ့ စီစဉ်မှုနဲ့ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ Documentary များ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

အနုပညာဘက်မှာရော ပရိဟိတပိုင်းမှာပါ စေတနာထားပြီး တက်တက်ကြွကြွလုပ်တတ်တဲ့ ခိုင်နှင်းဝေဟာ အိမ်ထောင်ရေးကံမကောင်းပေမယ့် သူမကို လေးစားအားကျတဲ့ မိန်းကလေးပရိသတ်တွေကတော့ ထုနဲ့ဒေးပါပဲ။

ခိုင်နှင်းဝေ ကို ချစ်တဲ့ပရိသတ်တွေရှိလား။

သတင်းအရင်းမြစ် Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။