မအေးသောင်းလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ပရိသတ်အချစ်တော် အေးဝတ်ရည်သောင်းကတော့ ယနေ့တိုင်အောင် နုပျိုလန်းဆန်းတဲ့ အလှတရားတွေနဲ့ ထင်ရှားပေါ်လွင်နေဆဲ ဖြစ်ပါတယ်။ စွဲမက်ဖွယ်ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းက ကိုယ်လုံးကိုယ်ပေါက် သွယ်လျပြီး တော်ဝင်ဆန်တဲ့ အလှပိုင်ရှင် ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေကိုသာ အများဆုံးရွေးချယ်ဝတ်ဆင်တတ်တဲ့ မအေးသောင်းက ထူးထူးခြားခြားအလှတွေနဲ့ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ မအေးသောင်းက မင်းသားချော ဟိန်းဝေယံနဲ့အတူ ရင်ခွင်ရှင်းတမ်းဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ မအေးသောင်းက ''မုန်းစွဲ''ဇာတ်ကားကြီးနဲ့လည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိထားပါတယ်။ အခုလည်း မအေးသောင်းက ရင်ခုန်ချင်စရာကောင်းတဲ့ Snap ပုံလေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းကို ခြွေယူလိုက်ပြန်ပါတယ်။

မအေးသောင်းက '' စစ်ကိုင်းမြို့”ရွှေပြည့်အောင်” ပိုးထည်တိုက်ဖွင့်ပွဲမှ ပုံလေးတွေတင်မယ်နော်။ အခုမှ လိုင်းမိလို့တင်ရတယ်။အဆင်တွေလှပြီးဆန်းလွန်းလို့ ကိုယ်တိုင်အများကြီးအားပေးခဲ့ရတဲ့ဆိုင်လေး။ရွှေပြည့်အောင် ပိုးထည်တိုက် အများကြီးအောင်မြင်ပါစေရှင့်။ ''ဆိုပြီး သူမရဲ့အလှတွေကို ချပြထားတာ ဖြစ်ပါတယ်။ ပက်ပက်စက်စက်ညို့ဆိုသလို လှနိုင်လွန်းတဲ့ မအေးသောင်းရဲ့ပုံရိပ်လေးတွေကတော့ စွဲစွဲလန်းလန်းဖြစ်စေလောက်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မအေးသောင်းရဲ့ အမိုက်စား အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aye Thaung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။