MRTV-4 ဇာတ်လမ်းတွဲ မင်းသားလေးတစ်ဦးဖြစ်တဲ့ ကျော်ထက်ဇော်က လတ်တလောမှာ နာမည်ကြီးနေတဲ့ ''လိပ်ပြာစံအိမ်''ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ခရီးသွားခါနီး အချိန်လေးရတုန်း ညဘက်ကြီးသွားရောက်ကြည့်ရှုခဲ့တဲ့ ကျော်ထက်ဇော်ကတော့ သူကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းပြီး ထိတ်လန့်စရာကောင်းတဲ့ ကျော်ထက်ဇော်ရဲ့အဖြစ်ကတော့ တကယ်ပဲကျောချမ်းချင်စရာကောင်းနေတာ ဖြစ်ပါတယ်။

ကျော်ထက်ဇော်က "ကိုယ့်အကြောင်းကိုသိတော့ တော်ရုံဆို သရဲကားမကြည့်ဖြစ်ဘူး ခရီးသွားရမယ်ဆိုတော့ ကားကအစအဆုံးပြင်ရတယ်လေ ကားဆရာက ည11ခွဲမှရမယ်ဆိုတော့ ကြားချိန်ဘာလုပ်ရမှန်းမသိတာနဲ့ လိပ်ပြာစံအိမ်ကို သူငယ်ချင်းတွေနဲ့ကြည့်ကြပါလေရော် ...ကားကကြည့်လို့လည်းကောင်း အော်ရင်းဟစ်ရင်း ရင်တွေခုန်ရင်းး ဇာတ်ကားလည်းပြီးတော့ ထုံးစံအတိုင်း သရုပ်ဆောင်ရူးသွပ်ကြသူတွေဆိုတော့ ဇာတ်လမ်းထဲကအကြောင်းတွေအဖြေရှာကြတာပေါ့.... နာရီကိုလည်းကြည့်ရော် 11ကျော်ပြီဆိုတော့ ကားဆရာပြောထားတဲ့ အတိုင်း ကားသွားယူရမယ်လေ စိုပြေကလိုက်ပို့မယ်ဆိုတော့ သူငယ်ချင်းငါးယောက် တလမ်းလုံး ဇာတ်လမ်းအကြောင်းတွေပြောရင်း ''ဝါဝါထိန်ထိန်သီတာလေးတို့အိမ်'' ဆိုပြီး ပါးစပ်ကစွဲပြီးရွတ်နေကြရော် ကိုကတော့ရင်တွေခုန်တုန်းပေါ့.....ကားယူပြီး ပြန်မယ်လုပ်တော့ ည11ခွဲကျော်နေပြီ ပါဠာန်းရွတ်ဖို့12နာရီကျော်သွားမှာစိုးတာနဲ့လမ်းမပေါ်ရွတ်မယ်ဆိုပြီးကားရပ်ရင်းး...''

"ကိုယ့်ကားနောက်ခန်းကလည်းမှောင် လမ်းကလည်းမှောင်နေတာနဲ့ ဟိုကြည့်ဒီကြည့် လုပ်ပြီး မေတ္တာသုတ်အရင်ရွတ်လိုက်တာပေ့ါ စိတ်ထဲတမျိုးဖြစ်နေတာနဲ့ ရှေ့နားမှာရပ်ထားတဲ့ ကားနဲ့မလှမ်းတလှမ်းနေရာမှာ ရွတ်နေရင်းကြက်သီး တွေထထလာတာ ဘေးဘီဝဲယာ ကလည်းတမျိုးကြီးပဲ(ကိုယ့်စိတ်ထဲကဖြစ်တာနေမှာပါ)အဲ့ဒါနဲ့ရှေ့ကားကအပေါ်မိုးလေးအုပ်ထားတာတယ် လူမရှိပေမယ့် တော်သေးတာပေါ့ဆိုပြီး နောက်နားလေးထိသွားကပ်ပီး အမြန်ရွတ်တာပေါ့ 12လည်းမကျော်ချင်ဘူးလေ ရွတ်နေရင်း ခုနကနဲ့မတူတော့ဘူး စိတ်ထဲ ပိုပိုဆိုးလာတာနဲ့ ရွတ်တာရပ်ပြီးးရှေ့လည်းကြည့်လိုက်ရော်.......ရှေ့ကားရဲ့ နောက်မှန်ပေါ်အုပ်နေတဲ့ စာလေးတစ်လုံးပေါ်နေလို့ဖတ်ကြည့်တာ နိဗ္ဗာန်ယာဉ် တဲ့ အားးပါးးး ဂီယာထိုးပြီးမောင်းပြေးတာ ဖြုတ်ခနဲဆို ဘယ်ရောက်သွားလို့သွားမှန်းမသိကားခနရပ်ပြီးးး မျက်စိဖွင့်လိုက်ရော်..'' ဆိုပြီးသူရဲ့အဖြစ်အပျက်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။

Source: Kyaw Htet Zaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။