ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်လေးဖြစ်တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်လေးကတော့ လက်ရှိမှာ ကြော်ငြာများစွာ ရိုက်ကူးနေရသူလေး ဖြစ်ပါတယ်။ အသက်အငယ်ဆုံး မော်ဒယ်လေးအဖြစ် ပရိသတ်တွေနဲ့ စတင်ရင်းနှီးလာခဲ့တဲ့ ထိပ်ထားလေးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ထိပ်ထားလေးက အခုကတည်းက ဖေဖေနဲ့မေမေအတွက် အားကိုးနေရတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ်။

ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတဲ့ ထိပ်ထားလေးကိုတော့ ပရိသတ်တွေသာမက အနုပညာရှင်တွေ အကုန်လုံးကပါ ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ်။ အဆိုတော် နီနီခင်ဇော်ကလည်း ထိပ်ထားလေးကို ဂရုတစိုက်နဲ့ ချစ်ပေးသလို ကြော်ငြာလေးတွေပါ အတူရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း မမနီနီနဲ့ ထိပ်ထားလေးတို့ကို ကြော်ငြာအသစ်လေးမှာ ပုံစံအသစ်လေးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ထိပ်ထားလေးက ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေနဲ့အတူ ''မမနီနီ နဲ့ ကြော်ငြာလေးရိုက်နေပါတယ် ဘာကြော်ငြာလေးဖြစ်မယ်ထင်လဲရှင့်?'' ဆိုပြီး တင်ထားပါတယ်။ ရှေးခေတ်က မိန်းမပျိုလေးတွေအသွင်နဲ့ တွေ့မြင်ရတဲ့ နီနီနဲ့ ထိပ်ထားလေးတို့ရဲ့ပုံလေးတွေကတော့ တကယ့်ကိုချစ်စရာကောင်းလှပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပရိသတ်အချစ်တော် ထိပ်ထားသခင်နဲ့ နီနီခင်ဇော်တို့ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: ထိပ်ထားသခင်; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။