ပရိတ်သတ်တွေရဲ့ အချစ်တော် ထွန်းအိန္ဒြာဗိုလ်ကတော့ တစ်ခေတ်တစ်ခါတည်းက အနုပညာလောကမှာ ဒီဇိုင်းတစ်မျိုးလေးနဲ့ ပရိတ်သတ်တွေကြားရေပန်းစားလာတဲ့ မင်းသမီးချောလေးပါ။ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်တိကျအောင်သရုပ်ဆောင်နိုင်ပြီး ပရိတ်သတ်တွေရဲ့ရင်ထဲကို ရောက်အောင်လာခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင် တစ်ခေတ်ရဲ့ မင်းသမီးကြီးတစ်လက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်နေဆဲဖြစ်ပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ်က တူနှစ်ကိုယ်နားလည်မှုတွေထားရှိထားတဲ့ အိမ်ထောင်ရေးလေးတစ်ခုကိုလည်း တည်ဆောက်ထားပြီး သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်လို့ ပြီးပြည့်စုံတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။အခုဆိုရင် သားလေးကလည်း ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေပြီဖြစ်လို့ မိဘတွေအားကိုးအားထားပြုလို့ရတဲ့ သားလိမ္မာလေးတစ်ယောက်ပါနော်။သားလေးက ဉာဏ်ရည်ဉာဏ်သွေးလည်း ထက်မြက်ပြီး သွက်လက်ဖျက်လက်စွာနဲ့ နေထိုင်တတ်တဲ့ ကလေးလေးပါ။

သူငယ်ချင်းတွေနဲ့လည်း ခင်ခင်မင်မင် နဲ့ လိုက်လျောညီထွေစွာ ဆက်ဆံပေါင်းသင်းတတ်သူဖြစ်လို့ ချစ်ခင်တဲ့ အပေါင်းအသင်းတွေလည်း များပါတယ်။အရင်ဆို မေမေနဲ့ဖေဖေ သွားလေရာနောက်ကို လိုက်တတ်တဲ့ သားလေးက အခုဆိုရင် ဆယ်ကျော်သက်ဖြစ်နေပြီဖြစ်လို့ မေမေနဲ့ဖေဖေတို့နောက်မလိုက်ချင်ပေမယ့် မိဘတွေပျော်အောင်လို့ သူပါပျော်နေပေးတာလေးကို ထွန်းအိန္ဒြာဗိုလ်က "မိဘတွေအပြင်သွားရင် သိပ်မလိုက်ချင်တော့ဘူး........ဒါပေမယ့် ပျော်နေပေးလို့ thank you သား" ဆိုပြီး သားကို နားလည်မှုလေးတွေပေးထားပါတယ်နော်။ 

Source:Mi Mi Khine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။