အရမ်းမိုက်တဲ့ ဒီဇိုင်းတွေနဲ့ ပရိတ်သတ်တွေကြားမှာ ရေပန်းစားလာခဲ့တဲ့ သန္တာလှိုင်က တစ်ခေတ်တစ်ခါရဲ့ professional မော်ဒယ်တစ်ယောက်ပဲဖြစ်ပါတယ်။သန္တာလှိုင်က အနုပညာလောကမှာ လျှောက်လှမ်းခဲ့စဉ်တုန်းက အရမ်းကို လှပပြီး စမတ်ကျခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။သန္တာလှိုင်ရဲ့ ကြော်ငြာတွေဟာဆိုရင်လည်း အရမ်းကို ပေါက်ခဲ့တဲ့အပြင် သူမကြော်ငြာထားတဲ့ ကြော်ငြာတွေကလည်း Billboard တွေထောင်ပြီး ခမ်းနားထည်ဝါခဲ့ပါတယ်နော်။ 

သန္တာလှိုင်က သာယာတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ချစ်စရာသားသမီးလေးတွေကိုပါ ပိုင်ဆိုင်ထားပါတယ်။သန္တာလှိုင်က မိန်းကလေးတွေအားကျရတဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့အပြင် ယောကျာ်းဖြစ်သူကလည်း မိန်းမဖြစ်သူကို ချစ်လိုက်တာမှ အရမ်းပဲဖြစ်လို့ လိုလေသေးမရှိအောင် ဂရုစိုက်စွာထားတတ်သူပါ။သန္တာလှိုင်က body structure အရမ်းမိုက်တဲ့ အပြင် ရုပ်ရည်ကလည်း ပျိုမျစ်နုနယ်နေသေးတာဖြစ်လို့ လူငယ်လေးတွေလို သွက်လက်ဖျက်လက်နေဆဲပါနော်။ 

သန္တာလှိုင်က အခုချိန်ထိ အရမ်းလှတဲ့ ခန္တာကိုယ်နဲ့ ကြည်လင်တဲ့ မျက်နှာလေးတွေကို ပိုင်ဆိုင်ထားဆဲဖြစ်လို့ အိမ်ထောင်ရှင်အမျိုးသမီးတွေက အရမ်းကိုအားကျနေရတာပါ။သန္တာလှိုင်ကလည်း ကလေးအမေတစ်ယောက်ဖြစ်ပေမယ့် အပျိုတုန်းကလို လှလှပပလေးနေနိုင်ပါသေးတယ်ဆိုတဲ့ သက်သေကို သူမရဲ့ပုံရိပ်လေးတွေနဲ့ ဖော်ပြထားပါတယ်။အခုဆိုရင် သန္တာလှိုင်က သူမရဲ့ ၁၉၉၁ ကျောင်းသူဘဝကနေ miss International Myanmar Judge သို့ ဖြစ်လာခဲ့ပုံကို မျှဝေထားပါတယ်။ 

Source:Thandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။