မြန်မာနိုင်ငံရဲ့ ဂျက်စတင်ဘီဘာလို့သတ်မှတ်ခံထားရတဲ့ ဟိန်းမင်းသူဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်ယောက်လည်းဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေအလယ်မှာ နာမည်ကြီးရေပန်းစားနေပြီးအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။သူကတော့ရုပ်ကလေးချစ်စရာကောင်းရုံသာမကသူဆိုတဲ့သီချင်းလေးတွေကလည်းလူငယ်ပရိသတ်တွေကြားမှာရေပန်းစားအောင်မြင်နေတာဖြစ်ပါတယ်။

ဟိန်းမင်းသူတစ်ယောက်ကတော့ ဂီတလောကတွင်အောင်မြင်ရုံသာမကပဲ ရုပ်သံဇာတ်လမ်းတွဲတွေမှတစ်ဆင့်အနုပညာလောကထဲကိုပါ ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့အချစ်တော်ဟိန်းမင်းသူဟာ အထက်တန်းကျောင်းသားဘဝကတည်းကပင် သီချင်းတွေကိုယ်တိုင်ရေးဖွဲ့နေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ပုံရိပ်တိုင်းကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိတဲ့ဟိန်းမင်းသူကတော့ခုမှာလည်းပရိသတ်တွေစိတ်ဝင်စားစေတဲ့ပုံရိပ်လေးနဲ့ညို့ယူလိုက်ပါပြီ။လွန်ခဲ့တဲ့တစ်လခန့်ကပရိသတ်တွေကြားမှာနာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်တဲ့သင်ဇာဝင့်ကျော်နဲ့ပုံရိပ်တွေကြောင့်ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပါ။ခုမှာလည်းသင်ဇာနဲ့တူတူStudio တစ်ခုမှာတွေ့တဲ့ပုံရိပ်တွေကြောင့်ပရိသတ်တွေစိတ်ဝင်စားနေကြတာပါ။မကြာခင်ထွက်ရှိလာမယ့်သူတို့နှစ်ယောက်ရဲ့အနုပညာပုံရိပ်တွေကိုလည်းအားပေးကြပါဦးနော်။

Source:Thin Zar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။