သရုပ်ဆောင်စမိုင်းကတော့ အနပညာလောကရဲ့အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကိုလဲ ရယူထားနိုင်သူဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး အလိုက်သိတတ်တဲ့ ယောကျာ်းကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနှစ်ယောက်ကို ရရှိထားပါတယ်။  

သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနှစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားကာ အလိုက်သိတတ်တဲ့ ခင်ပွန်းကြောင့် အမြဲပျော်ရွှင်ရသူလေးပဲဖြစ်ပါတယ်။ စမိုင်းကတော့ တစ်ချိန်တုန်းက ဝတုတ်လေးဖြစ်ခဲ့ပြီးကြိုးကြိုးစားစားဝိတ်ချခဲ့တာကြောင့် ယခုဆိုရင်လှပတဲ့ခန္တာကိုယ်လေးကိုရရှိခဲ့ပါတယ်။ ယခုမှာတော့ စမိုင်းတစ်ယောက် သူမလိုဘဝတူဝနေတဲ့သူတွေအတွက် စာအုပ်ကလေးထုတ်ဝေပေးခဲ့ပါတယ်။

ယနေ့မှာတော့ စမိုင်း တစ်ယောက် မန္တလေးက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကြောင့် အပျော်လွန်ပြီး အံ့သြဝမ်းသားခဲ့ရပါတယ်။ စမိုင်းကတော့ " မန္တလေးရယ်ချစ်တယ်ကွယ် ပါသမျှကုန်လို့အချိန်မပြည့်ခင်ပြန်လာခဲ့ရတယ် မထင်ထားဘူးကျေးဇူးပါဘယ်လိုတွေတောင်ပြောပြရမှန်းမသိဘူးချစ်တာ အရမ်းပျော်လို့မျက်ရည်တွေကျနေပြီ " ဆိုပြီးရေးသားထားခဲ့ပါတယ်။

source:စမိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။