ချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်တဲ့ ရွှေနှစ်ရွှေတို့ စုံတွဲလေးကတော့ ပရိသတ်တွေကြားမှာ အထင်ပေါ်ဆုံးစုံတွဲလေးဖြစ်တဲ့အပြင် ရေပန်းစားစုံတွဲလေးလည်းဖြစ်ပါတယ်။ ယခုဆိုရင် အကြင်လင်မယားဘဝကို ရောက်ရှိသွားပြီဖြစ်တဲ့ ရွှေနှစ်ရွှေတို့ စုံတွဲလေးကတော့ တစ်ယောက်ကို တစ်ယောက် မကုန်နိုင်တဲ့ အချစ်တွေနဲ့ အရမ်းကို ချစ်ကြတာကို မြင်တွေ့ရမှာပါ။

ဒါ့ပြင် အနုပညာမှာ နှစ်ယောက်လုံးက အရည်အချင်းရှိကြပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ အချစ်တွေ အကုန်လုံးကို သိမ်းပိုက်ထားကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေမနာလိုရအောင်လည်း တစ်ယောက်ကိုယ် တစ်ယောက် အရမ်းချစ်ကြပြီး နားလည်မှု အပြည့်အဝရှိတဲ့ ချစ်စရာစုံတွဲလေးဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေကြတာပါ။

ကလေးလေးလို ဆိုးတတ်တဲ့ ရွှေမှုံလေးကို အမြဲ ဂရုတစိုက်နဲ့ ချစ်ပေးတတ်တဲ့ ရွှေထူးကတော့ တကယ့်ကို ချစ်တတ်တဲ့ဘသူတစ်ယောက်ပါ။ ယခုလည်း ဘာလီကျွန်းလေးမှာ ပျော်ရွှင်နေကြတဲ့ ရွှေနှစ်ရွှေကို မြင်တွေ့ရမှာပါ။ ဘယ်လို ဝေဖန်မှုတွေပဲ ရှိရှိ နှစ်ယောက်သား ယုံကြည်ချက်ရှိရှိနဲ့ တစ်ယောက်လက်ကို တစ်ယောက်တွဲထားတဲ့ ကြည်နူးစရာပုံရိပ်လေးကိုမြင်တွေ့ရမှာပါ။

Source:Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။