ဆံပင်ဆိုတာ မိန်းကလေးတွေရဲ့ တန်ဖိုးအထားရဆုံး အရာတစ်ခုပါ။ ယခုခေတ်မှာဆိုရင် ဆံပင် စတိုင် အမျိုးမျိုးကို ကြိုက်သလို ပုံသွင်းပြင်ဆင်နိုင်နေပါပြီ။ ဒါပေမယ့် အခန့်မသင့်ရင်တော့ ရောဂါကို ဈေးကြီးပေးဝယ်လိုက်တာနဲ့ မခြားနားတော့ပါဘူး။ ဒါကြောင့် ဆံပင်လို့ပုံစံပြောင်းတော့မယ်ဆိုရင် ဘယ်လို အချိန်တွေကို ရှောင်ကျဉ်ပြီးလုပ်သင့်တယ် ဆိုတာကို ပျိုမဒီလေးတွေ အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

(၁) ရာသီသွေး လာဖို့ အချိန်နီးနေတဲ့ သူများ၊ နေအပူကို အမြဲ ထိတွေ့နေတဲ့ သူများ၊ ရာသီသွေး မလာခင် မောပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်နေတဲ့ အချိန်မျိုးမှာ ဆံပင်ကောင်တာတွေ ဖြောင့်တာတွေကို လုံးဝမလုပ်သင့်ပါဘူး။ ထိုကဲ့သို့သော အချိန်တွေမှာ ဆံပင်ကို အပူဒဏ်နဲ့ ထိတွေ့တာက မီးယပ်သွေးထိန်းငုပ်ခြင်း၊ စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းတို့ အပြင် ဆိုးရွားတဲ့ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

(၂) နောက်တစ်ချက်က ဆံပင်ကို လုပ်ပြီး နှစ်ပတ် အကြာလောက်မှ ဆိုးဆေး ဆိုးပေးသင့်ပါတယ်။ ကောက်ဆေးကော ဆိုးဆေးကော နှစ်ခုလုံးမှာ ဓာတုပစ္စည်းတွေများတာကြောင့် တစ်ပြိုင်ထဲ မသုံးပြုလိုက်မယ်ဆိုရင် ဆံပင် အတွင်းမှာ ဓာတ်ပြု မှုတွေဖြစ်ပေါ် ပြီး ဆံသားတွေကို ဆိုးရွားစွာ ပျက်စီးစေပါတယ်။ အခန့်မသင့်ရင် ဆံပင်တွေ အကွက်လိုက် ကျွတ်ထွက်နိုင်တာကြောင့် ပျိုမေတို့ကို သတိထားစေချင်ပါတယ်။

(၃) ဆံပင်ကို တစ်ခါ ဖြောင့်ပြီးပြီဆိုရင် ၆လကြာမှ နောက်တစ်ခါ ထပ်ပြီး ဆံပင်ပုံစံပြောင်းသင့်ပါတယ်။ ပျိုမေတို့ ဆန္ဒစောပြီး အဖြောင့်ကနေ အကောက် ချက်ချင်းပြောင်းပစ်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ဓာတုပစ္စည်းတွေကို အသုံးပြုတာများရင် ဆံသားတွေ ကျိုးကြေပစ္စည်းစေတာကြောင့် ပျိုမေတို့် အထူးရှောင်ကျဉ်သင့်ပါတယ်။

လှပရုံတစ်ခုထဲနဲ့ အဆင်မပြေနိုင်လို့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်းထပ်လောင်း အကြံပြုချင်ပါတယ်။

Source:Healthline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။