ချစ်ပရိတ်သတ်ကြီးရေ.... အနုပညာလောကမှာပရိတ်သတ်တွေပေးတဲ့လက်ခုပ်သံတွေနဲ့ ပရိတ်သတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့အဆိုတော်မလေးအေသင်ချိုဆွေကိုပရိတ်သတ်ကြီးသိမှာပါနော်။ စွဲမက်ဖွယ်အသံချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲကို တိုးဝင်သွားစေမယ့် ခပ်မိုက်မိုက်သံစဉ်လေးတွေကိုသီဆိုနိုင်သူလေးဖြစ်တဲ့အတွက်ပရိတ်သတ်တွေအချစ်ပိုနေရသူလေးပါနော်။

အခုအချိန်မှာဆိုရင် သူမဟာ ချစ်ဖို့ကောင်းတဲ့ သမီးလေးlvyလေးကို ပိုင်ဆိုင်ထားရတဲ့မိခင်လေးတစ်ယောက်ပါနော်။ သမီးလေးဗီးဗီးဆိုတာကလည်း မေမေပြောသမျှကိုနားထောင်တဲ့ အလိမ္မာတုံးလေးဖြစ်ပြီးတော့ ချစ်ဖို့ကောင်းတဲ့ ဗီးဗီးလေးကို အေသင့်ရဲ့ပရိတ်သတ်တွေအပါအဝင် တွေ့သမျှ မြင်သမျှလူတိုင်းက အသည်းယားပြီးအချစ်ပိုနေခဲ့ရပါတယ်။

မေမေကိုယ်တိုင်ကလည်း ဗီးဗီးလေးကို သူမရဲ့ အသက်တမျှချစ်တာကြောင့် ဒီချစ်ဖို့ကောင်းတဲ့ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကို ပရိတ်သတ်တွေကတောင်အရမ်းအားကျနေခဲ့ရပါတယ်နော်။ အခုလည်း ညနေပိုင်းမှာ ပဲခူးနဲ့ ယုဇနဥယျာဉ်မြို့တော်နှစ်နေရာ လုံးကိုသွားရမယ့် အလုပ်ကိစ္စရှိနေတာတောင် နေ့တစ်ပိုင်းလောက်ကို မေမေ အေသင်က မီးမီးလေးကို အချိန်ပေးပြီးအတူတူနေပေးခဲ့ပါတယ်နော်။ အလုပ်တွေလည်း အရမ်းကြိုးစားပြီးတော့ သမီးလေးအပေါ်လည်း မိခင်တာဝန် အပြည့်အဝကျေတဲ့ အေသင်ကတော့ တကယ့်ကို စံပြမိခင်ကောင်းတစ်ယောက်ပါပဲ ပရိတ်သတ်ကြီးရေ....။

Source : Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။