ချစ်ပရိတ်သတ်ကြီးရေ... လတ်တလော လူငယ်တွေကြားမှာရေပန်းစားနေတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲဖြစ်တဲ့အဆိုတော်သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲကိုပရိတ်သတ်ကြီးသိကြမှာပါနော်။နှစ်ယောက်စလုံးကလည်းပရိတ်သတ်တွေရဲ့ အချစ်တော်လေးတွေဖြစ်ကြသလို သက်ဆိုင်ရာအနုပညာနယ်ပယ်အသီးသီးမှာ ကိုယ်ပိုင်အောင်မြင်မှုအသီသီးကို ရရှိထားတဲ့သူတွေပါနော်။

သားဂန်းရဲ့ ချစ်သူ မော်ဒယ်မလေးဘေဘီမောင်ကတော့ သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိပြီးတော့ အခုနောက်ပိုင်းမှာဆိုရင်သရုပ်ဆောင်အလုပ်ကိုတောင်တွဲဖက်လုပ်ကိုင်လာနေပါပြီနော်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အမိုက်စားအကိတ်တလိုင်းခန္ဓာကိုယ်လေးရဲ့ပိုင်ရှင်ဖြစ်ပြီးတော့ ပရိတ်သတ်တွေရဲ့ အချစ်တွေနဲ့ တစ်ခဲနက်ပေးမှုနေတွေကိုပိင်ဆိုင်ထားသူလေးပါနော်။

သူမဟာ အခုတစ်ခါမှာတော့ သူမတက်ခဲ့တဲ့ မိန်းကလေးကျောင်းတစ်ကျောင်းဖြစ်တဲ့ တာမွေအထက(၄) စိန့်ဖရက်စစ်ကျောင်းသူဟောင်းများ ဆရာကန်တော့ပွဲကိုသွားရောက်ခဲ့ပါတယ်။မြန်မာဆန်ဆန်လေးနဲ့ဆရာတွေမမှတ်မိလောက်အောင်လှနေတဲ့အလှနဲ့ ဆရာကန်တော့ပွဲကိုသွားရောက်ခဲ့တဲ့သူမဟာ သူငယ်ချင်းဟောင်းများနဲ့ပြန်တွေ့ရတဲ့အတွက် မျက်ရည်ကျလောက်အောင် အရမ်းကိုဝမ်းသာနေခဲ့ရပါတယ်နော်။ ဒီပွဲကိုမလာနိုင်ခဲ့တဲ့မိမိရဲ့သူငယ်ချင်းတွေကိုလည်း ကျောင်းထဲကအမှတ်တရတစ်ချို့ကိုလွမ်းရင်းနဲ့ သတိရနေပါတယ်လို့ ဆိုထားပါတယ် ပရိတ်သတ်ကြီးရေ....

Source: Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။