နှစ်စဉ်မပျက်အမြဲပြုလုပ်လျှက်ရှိတဲ့ မြန်မာ့နိုင်ငံရဲ့ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့လေးကိုတော့ အားလုံးသတိတရရှိနေကြမယ်ထင်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၄ နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး ပြည်တွင်းတိုင်းဒေသကြီးအနှံ့အပြားမှာလည်း စတုဒီတာများနှင့်အတူ မွေးနေ့ဂုဏ်ပြုပွဲများပြုလုပ်ကြတာတွေ့ရပါတယ်။  

အဆိုပါ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်ပြုလုပ်မှုတွေထဲမှာ ထူးထူးခြားခြားလုပ်ဆောင်မှုတွေကတော့ မာျးစွာရှိနေပြီး ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ ဗိုလ်ချုပ်ရဲ့ အကြိုက်ဆုံးအစားအစာဖြစ်တဲ့ ပဲပြုတ်နဲ့ နံပြားကို နေရာအနှံ့အပြားမှာ ကျွေးမွေးခြင်းတွေပြုလုပ်လျှက်ရှိပြီး မွေးနေ့ဂုဏ်ပြုရုပ်ပုံတွေကိုလည်း လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။  

ဒီကနေ့ဗိုလ်ချုပ်မွေးနေ့မှာ ပဲပြုတ်နံပြားဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ပြုလုပ်ပုံဖော်ခဲ့ပြီး အမိုက်စားလက်ရာတစ်ခုကို ပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဗိုလ်ချုပ်ရုပ်ပုံကို ဗိုလ်ချုပ်မွေးနေ့အတွက်ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ တက်စွမ်းသလောက်လက်ရာလေးနဲ့ ဂုဏ်ပြုပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ ၁၀၄ နှစ်မြောက်ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုရင်း ဗိုလ်ချုပ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - သမီးလေးဖတ်ဖို့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။