လက်ရှိအချိန်မှာတော့ နိုင်ငံပေါင်း ၄၆ နိုင်ငံက စစ်တပ်တွေဟာ ပါကစ္စတန်နိုင်ငံရဲ့ ရေပိုင်နက်အတွင်းမှာ ပူးပေါင်းစစ်ရေးလေ့ကျင့်နေကြတယ်လို့သိရပါတယ်။

သူတို့ စစ်ရေးလေ့ကျင့်နေတဲ့နေရာကတော့ ပါကစ္စတန်နိုင်ငံ ကရာချီမြို့ ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပြင်လယ်ပြင်မှာ ပဲဖြစ်ပါတယ်။

၎င်းပူးပေါင်းစစ်ရေးလေ့ကျင့်မှုကိုတော့ အာမန်း ၁၉ လို့အမည်ပေးထားသလို ၅ ရက်ကြာပူးပေါင်းစစ်ရေးလေ့ကျင့်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သတ်ပြီး ပါကစ္စတန်ရေတပ်ကတော့ ပင်လယ်ပြင် လုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး နဲ့ လူသားချင်းစာနာမှု ကူညီရေး ရည်မှန်းပြီး ဆိပ်ကမ်းမှာရော၊ ပင်လယ်ပြင်မှာပါ လေ့ကျင့်နေတာဖြစ်တယ်လို့ပြောကြားထားပါတယ်။

ဒါ့အပြင် သူတို့ဟာ ခြိမ်းခြောက်မှုတွေကနေ ပင်လယ်ရေကြောင်း သွားလာမှုဆိုင်ရာ အခြေခံ အဆောက်အဦတွေကို ကာကွယ်ဖို၊ ဗျူဟာ၊ နည်းလမ်းနဲ့ အစီအစဉ်တွေကို တုံ့ပြန်ဖို့နဲ့ တိုးတက်အောင် လုပ်ဖို့ လေ့ကျင့်နေကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ 

source -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။