ပရိသတ်ကြီးရေ အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အင်ဒိုနီးရှားနိုင်ငံမှာ တည်ရှိတဲ့ ထူးထူးဆန်းဆန်း ရွာလေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒီရွာလေးမှာ ဘယ်နေရာမှာမှ မမြင်တွေ့နိုင်တဲ့ ထူးထူးဆန်းဆန်း ရိုးရာဓလေ့တွေရှိပြီး တချို့ရိုးရာဓလေ့တွေဟာ အတော်လေးကို ကြောက်လန့်ဖို့ကောင်းလှပါတယ်။ ဒီအထဲမှာမှ သေသူကို ဖုတ်သွင်းပြီး ပြန်ခေါ်တဲ့ ဓလေ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီရွာလေးရဲ့ နာမည်ကို Toraja လို့ခေါ်ပြီး သဘာဝသစ်တောတွေနဲ့ ပြည့်နှက်နေပြီး ရွာသူရွာသားတွေဟာ ဝမ်းစာအတွက် တောထဲမှာ သစ်ခုတ် ဝါးခုတ် အလုပ်ကို လုပ်ကိုင်ကြရပါတယ်။ 

ဒါပေမယ့် တောတွင်းသဘာဝအတိုင်း မြွေပါးကင်းပါးအပြင် တစ်ခြားအန္တရာယ်တွေလည်း ပေါများလှတာကြောင့် တစ်ခါတလေမှာ တောင်ယာသွားတဲ့သူတွေဟာ ပိုးထိမိပြီး သေဆုံးသွားတာလည်းရှိပါတယ်။ အကယ်၍ တောင်ပေါ်မှာ သေဆုံးခဲ့သည် ရှိသော် လူတစ်ယောက် လမ်းလျောက် စရာ လမ်း ကျဉ်းလေးသာရှိသည့် တောင်ကမ်းပါးရံ သာရှိသည့်အတွက် အလောင်းကို ပြန် သယ်ဖို့ အခက် အခဲရှိပါတယ်။ ဒါ့ကြောင့် လမ်းတွင် သေဆုံးသွား သည့် အလောင်း သည် အိမ်ကို လမ်းလျောက် ပြန်လာ နိုင်ရန် ဖုတ်သွင်း နည်း ကို စီမံလေ့ ရှိတယ်ဟု ဒေသခံ တွေ ဟာ ရိုးရာ ပုံပြင် တစ်ခု လို အမြဲ ပြောလေ့ရှိပါတယ်။ 

ဒါ့အပြင် သေဆုံးပီးသား ဘိုးဘွားတို့ရဲ့ နှစ်ပတ်လည်နေ့ရောက်ရင်လည်း ခုလိုမျိုးနတ်ဆရာအကူအညီနဲ့ ပြန်လည်နိုးထခိုင်းပြီး ပူဇော်သန့်ရှင်းရေးတွေ လုပ်ပေးကြပါတယ်။ ဒါပေမယ့် ဒီလို ဖုတ်သွင်းတဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေများစွာရှိပြီး တစ်ခုမှ ဖော်ဖျက်လို့ မရဘူးလို့လည်း သိရပါတယ်။ ဒီလိုပညာရပ်တွေဟာ တစ်ကယ်ပဲ ရှိနိုင်လားဆိုတာကတော့ စာဖတ်တဲ့ ပရိသတ်ကြီးအနေနဲ့ မိမိကိုယ်ပိုင်အမြင်ဖြင့်သာ စဉ်းစာဆုံးဖြတ်ပြီး မိမိထင်မြင်ချက်လေးတွေကို ပြောပြခဲ့ပါအုန်းနော်။  

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။