ယနေ့အထိ ပြည်သူများစွာရဲ့ ရင်ထဲမှာနေရာယူကာ အမြဲသတိတရရှိနေသေးတဲ့ သူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကတော့ ထိပ်ဆုံးက နေရာယူထားသူတစ်ဦးလည်းဖြစ်ပါတယ်။ နိုင်ငံတော်လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့သူတစ်ယောက်ဖြစ်ပြီး ယနေ့အထိ သူ့ရဲ့ မှာတမ်းများ၊ ဆုံးမစကားများနဲ့ ပုံရိပ်တွေကတော့ များစွာ ကျန်ရှိနေသေးတာပဲဖြစ်ပါတယ်။  

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၂၀၁၉ ဟာဖြစ် ဗိုလ်ချုပ်မွေးဖွားခြင်း ၁၀၄ နှစ်ပြည့်နေ့ကလေးပဲဖြစ်ပြီး ပြည်တွင်း တိုင်းဒေသကြီးအနှံ့အပြားမှာလည်း စတုဒီတာများနှင့်အတူ ပျော်ပွဲရွှင်ပွဲများပြုလုပ်ကြတာတွေ့ရပါတယ်။ အဆိုပါ ဒီကနေ့ ဗိုလ်ချုပ်မွေးနေ့လေးမှာလည်း ပရိသတ်တွေမသိရှိသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတိတ်ကပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာရေပန်းစားလာခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ပုံရိပ်လေးတွေကတော့ ဗိုလ်ချုပ်သက်ရှိထင်ရှားရှိနေချိန် ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေနဲ့ ဗိုလ်ချုပ်ရဲ့ ဆုံးမစကားလေးတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေအချို့လောက်သာ မြင်တွေ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတိတ်ကပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Oo Gyi Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။