ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာလေးကတော့ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေထဲမှာမှ အသက် ၁၃၀ နီးပါးရှိတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့တဲ့ဖြစ်ရပ်အကြောင်း ဖော်ပြပေးချင်ပါတယ်။ Sturgeon လို့အမည်ရတဲ့ ဒီငါးကြီးရဲ့ အလေးချိန်ကတော့ ၁၇၁ ပေါင်ရှိကာ သက်တမ်း နှစ်၁၀၀ ကျော်၇ှိပြီလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ထိုငါးကြီးကို ဖမ်းမိခဲ့တဲ့ အမျိုးသားကတော့ Jon Eiden ဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူနဲ့အတူWinnebago လို့အမည်ရတဲ့ ကန်ထဲမှာ ငါးမြှားထွက်ခဲ့ရာမှ ဒီတစ်ခါမှာတော့ အခုလို ငါးကြီးကို ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့ဖမ်းမိခဲ့တဲ့ ငါးကြီးကို အလေးချိန် ချိန်ြုကည့်ရာ ၁၇၁ပေါင် ရှိပြီး သက်တမ်း နှစ် ၁၀၀ ကျော်နီးပါး၇ှိတဲ့ ငါးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ကောက်ချက်ချခဲ့ကြပါတယ်။ " ဒီလိုငါးမျိုးကို ဖမ်းမိခဲ့တဲ့ အတော်လေးကို ဂုဏ်ယူပြီး ပျော်ရွှင်ခဲ့ရပါတယ်။ တော်ရုံလူတွေ ကျွန်တော့်လောက် ကံကောင်းချင်မှ ကောင်းမှာ ဗျာ့လို့ " Edien ကပြောကြားခဲ့ပါတယ်။  

Sturgeon ငါးတွေဟာ များသောအားဖြင့် ရေအောက်အနက်ထဲမှာ အနေများပြီး မြေအောင်း သတ္တဝါဖြစ်တာကြောင့် အရွယ်အစား ပိုကြီးတဲ့အပြင် သက်တမ်းကလည်း အခြားငါးတွေကို အသက်ရှည်ရှည်နေနိုင်ပါတယ်။ ဒါ့ကြောင့် အခု ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးကတော့ ဖမ်းမိတဲ့ငါးက ငါးဖမ်းသမားထက်တောင် အသက်နှစ်ပြန်ကြီးနေတယ်လို့တောင် ဆိုရမလို ဖြစ်နေပါတယ် ပရိသတ်ကြီးရေ.....

Source : UPI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။