မိုးဆိုတာနဲ့ ပရိသတ်တွေမျက်လုံးထဲ ထင်းခနဲမြင်သာအောင်လှလွန်းတဲ့ မင်းသမီးလေးမိုးဟေကိုကတော့ " ရွှေလွန်းလိပ်ပြာ " ရဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးနဲ့ အရမ်းကိုကျက်သရေရှိပြီး လှသွေးကြွယ်လို့နေပါတယ်။ အသက်အရွယ်ရလာနဲ့အမျှ ပိုပိုပြီးလှလာတဲ့ သူမက စီးပွားရေးမှာလည်း တော်လွန်းတဲ့အမျိုးသမီးတစ်ယောက်ပါပဲ။ Coffee ဆိုင်နဲ့ ပိုးထည်ဆိုင်ကိုလည်း ကိုယ်ပိုင်စီးပွားရေးအဖြစ်ဖွင့်လှစ်ထားပြီး " မိုး " ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အလှအပတွေ အရည်အချင်းတွေ အားလုံးပြည့်စုံနေတဲ့ သူမက လက်ရှိအချိန်ထိအိမ်ထောင်မပြုပဲ ဘဝကိုတစ်ယောက်တည်း အေးအေးလူလူဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ အရာရာပြီးပြည့်စုံတဲ့ အမျိုးသမီးတွေက ခင်ပွန်းမလိုအပ်ဘူးဆိုတဲ့စကားကို သူမက သက်သေပြလိုက်သလိုပါပဲ။ အရင်လို ရုပ်ရှင်ဇာတ်ကားတွေများများစားစားမရိုက်တော့ပဲ ပရိသတ်တွေကို ရင်ခုန်ဖွယ်ပုံရိပ်လေးတွေနဲ့ မကြာခဏဖမ်းစားတတ်တဲ့ အလှနတ်သမီးတစ်ပါးလည်းဖြစ်ပါတယ်။

ကြက်သွေးရောင်မြန်မာဝတ်စုံလေးက သူမရဲ့ကျော့ရှင်းလွန်းတဲ့ ခန္ဓာကိုယ်လေးပေါ်မှာ ကျက်သရေအရှိဆုံးနဲ့ အလှပအတင့်တယ်ဆုံး နေရာယူလို့နေပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရင်ထဲကိုအေးမြသွားစေတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ မိုးတစ်ယောက် အခုတစ်ခေါက်မှာလည်း မြန်မာဆန်တဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းအူစိုင်တွေကို နှုတ်ယူလို့သွားခဲ့ပါပြီ။

Photo - Moe Hay Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။