ဆရာဝန်မလေး အဆိုတော် ချစ်သုဝေကတော့ သူ့ရဲ့ အမြွှာသမီးလေးနှစ်ယောက် ကိုလည်း ခိုက်ခိုက်တုန်အောင် ချစ်ရှာပါတယ်။

အဆိုတော်လင်းလင်း ရဲ့ ဇနီးချောလေး ချစ်သုဝေဟာ နှစ်လသားအရွယ်သမီးလေးတွေဖြစ်တဲ့ ခေတ်လေး နဲ့ သစ်လေး ကိုလည်း လှလှလေးတွေပြင်ပေးကာ ဓာတ်ပုံလေးတွေကို ဖေ့ဘုတ်မှာ မကြာခဏ တင်လေ့ရှိပါတယ်။

လက်တလောမှာတော့ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ချစ်သုဝေက “ ကားရိုက်တော့ နားထားပါတယ် ရှိုးပွဲတွေတော့ ပြန်ဆိုနေပါပြီ နယ်ပွဲတွေဆိုရင်လည်း တစ်ရက်ခရီးလောက်ဆိုထွက်တယ် ကုမ္ပဏီပွဲတွေ မွေးနေ့တွေ ဆိုတယ် ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ဖြစ်နေပါတယ် 

ပရိသတ်တွေရော ကိုယ်ချစ်တဲ့ သူတွေရော စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်” လို့ Oppo ပွဲကို တက်ရောက်စဉ် Myanmar Celebrity ကို အခုလို ဖြေကြားခဲ့ပါတယ်။

မတ်လ(၂၃)ရက်နေ့မှာ မေမေချစ်သုဝေကတော့ သူမရဲ့ မီးမီးလေးနှစ်ယောက်ကို ထိန်းပြီး OppoF3 plus ပွဲကို တက်ရောက်ခဲ့တယ်လို့ သူမရဲ့ ဖေ့ဘုတ်မှာ တင်ထားပါတယ်။

အခုလိုပဲ ကလေးထိန်းလိုက် ပွဲတက်လိုက် ချစ်ရသူတွေနဲ့ဆုံလိုက် ၊ ပြန်လာရင် ကလေးနှစ်ယောက်ကို အလွယ်သယ်လိုက် နဲ့ မေမေချစ်သုဝေတစ်ယောက် အလုပ်ရှုပ်နေပေမယ့် အပြုံးမပျက် အလှမပျက်နိုင်သေးတာ အံ့အားစရာပါပဲ။

မနေ့က နီနီခင်ဇော် ၊မျိုးကြီး၊ ရွှေထူး ၊ခါရာ စတဲ့ အနုပညာရှင်တော်တော်များများတက်ရောက်ခဲ့တဲ့ Oppo ပွဲမှာ ကလေးနှစ်ယောက်မေမေ ချစ်သုဝေကတော့ အားလုံးထဲမှာ အလန်းဆုံးအလှဆုံး မင်းသမီးလေးဖြစ်နေခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Myanmar Cele& Chitthu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။