ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ ကန်ကျနပူရီဆေးရုံရဲ့ ၇လွှာကနေ မြန်မာကလေးငယ်တစ်ဦးပြုတ်ကျခဲ့တယ်လို့သိရပါတယ်။

၎င်းကလေးငယ်လေးကတော့ အသက် ၄ နှစ်အရွယ်သာရှိသေးတဲ့ မြန်မာကလေးငယ်တစ်ဦးဖြစ်ပြီး ဆေးရုံတင်ထားရတဲ့ ဖခင်ဖြစ်သူကို အုပ်ထိန်းသူနဲ့လာရောက်ကြည့်ရှုစဉ်မှာ ပြုတ်ကျခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် ဒီကလေးငယ်လေးဟာ သေကံမပါသေးဘူးလို့ဆိုရလောက်အောင်ပင် ဆေးရုံပေါ်က ပြုတ်ကျခဲ့ပေမယ့် သူ့ရဲ့အကျီၤဟာ ဆေးရုံမှာချိတ်ဆွဲထားတဲ့ စာလုံးတွေနဲ့ ညှိပြီးအောက်ကိုပြုတ်ကျသွားခဲ့ခြင်းမရှိပါဘူး၊

အဲ့ဒီနောက်မှာတော့ ဆေးရုံကဝန်ထမ်းတွေဟာ ကလေးငယ်လေးကို အန္တရာယ်တွေကြားကနေ ကယ်တင်ပေးနိုင်ခဲ့တာကြောင့် ဒီကလေးငယ်လေးဟာ အသက်လေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ဒီကလေးငယ်လေးကို ကယ်တင်နေတဲ့ ဗီဒီယိုဖိုင်ကိုတင်ခဲ့တာကတော့ “หนุ่ม เมืองนนท์” ဆိုတဲ့ဖေ့ဘွတ်သုံးစွဲသူတစ်ဦးဖြစ်ပြီး ဒီကလေးငယ်လေးဟာ သူမြင်တွေ့ဖူးတဲ့ကလေးငယ်လေးတွေထဲမှာ ကံအကောင်းဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။

ဒါ့အပြင် အခုလိုဖြစ်ရပ်ဟာ အင်မတန်မှဖြစ်တောင့်ဖြစ်ခဲလှတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး ကလေးငယ်လေးရဲ့ ကံကောင်းမှုကိုလည်း လူအများက ကောင်းချီပေး ဝမ်းသာနေကြတာတွေ့ရပါတယ်။

သို့ပေမယ့် ဒီကလေးငယ်လေးကို ကလေးငယ်တိုင်းကံကောင်းနိုင်မှာမဟုတ်တဲ့အတွက် မိဘတွေအနေနဲ့ ကလေးငယ်လေးတွေကို အမြင့်တွေပေါ်ခေါ်သွားတဲ့အခါ သေချာဂရိုစိုက်ကြဖို့ ပြောကြားရင်း ဒီသတင်းလေးကိုဖော်ပြပေးလိုက်ရပါတယ်။

source _  viral

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။