မေဦးနဲ့ ဟန်လင်းတို့နှစ်ယောက်ရဲ့ အတူတူကြိုးစားမှုဖြစ်တဲ့ May & Co ဆိုတဲ့ ဆိုင်လေးအတွက် ရှိန်းတင်ထူးနဲ့ Mဆိုင်းလုတို့နှစ်ယောက်သား ရင်ခုန်ဖွယ်ပုံရိပ်လေးတွေ ရိုက်ကူးထားကြတာပဲဖြစ်ပါတယ်။ မနက်ဖြန်မှာကျရောက်မယ့် ချစ်သူများနေ့လေးမှာ ချစ်သူကိုအပြတ်အသတ် Ro ချင်တဲ့ သူတွေအတွက် အထူးအစီအစဉ်လေးလုပ်ထားတာဖြစ်ပြီး ကြော်ငြာဓာတ်ပုံလေးကိုတော့ ပျိုပျိုမေတို့အသည်းကျော်လေး ရှိန်းတင့်ထူးနဲ့ ပုရိသတို့ရဲ့ နှလုံးသားလေး Mဆိုင်းလုတို့က အတွဲညီညီနဲ့ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။

ချစ်စဖွယ်ပန်းစည်းလေးက ချစ်သူကိုပေးဖို့အသင့်တော်ဆုံးပဲမို့ မနက်ဖြန်အတွက် မြန်မြန်လေးစီစဉ်လိုက်တော့နော်။ Mဆိုင်းလုဟာလည်း အောင်မြင်တဲ့မော်ဒယ်တစ်ဦးဖြစ်ပြီး ရှိန်းတင်ထူးဟာလည်း Tik Tok လေးတွေနဲ့ လူသိများလာပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အပြတ်အသတ်ဝန်းရံမှုကို ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ နှစ်ယောက်သားရိုက်ထားတဲ့ပုံလေးတွေက Ro လွန်းလို့ FA တွေတောင် အားကျလောက်ပါရဲ့ ပရိသတ်ကြီးရေ။

လူငယ်ဆန်ဆန်လေးရိုက်ကူးထားပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်တဲ့အကြည့်တွေကလည်း တကယ်ကိုစူးရှလွန်းတာမို့ အသက်ဝင်တဲ့ ပုံရိပ်လေးတွေဖြစ်နေပါတယ်။ ချစ်စရာကောင်းတဲ့ နှစ်ယောက်သားရဲ့ ရင်ခုန်ဖွယ်ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်ကြီးလည်း အားကျနေလောက်ပြီထင်ပါရဲ့။ မနက်ဖြန်ချစ်သူများနေ့မှာ ချစ်သူကိုဘာလက်ဆောင်ပေးဖို့စီစဉ်ပြီးပြီလဲ ပရိသတ်ကြီးရေ။

Photo - May & Co

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။