မကြာသေးခင်ကမှ စကားလုံးဘုရင်ဆိုတဲ့ တစ်ကိုယ်တော်ခွေကိုအောင်မြင်စွာထုတ်ထားခဲ့တဲ့

ဂျောက်ဂျက်ဟာ Hip Hop လောကရဲ့ ကျော်ကြားတဲ့ တတိယမျိုးဆက်တစ်ယောက်ပါ ။

သူ့ကို ရူးရူးမူးမူး နှစ်သက်အားပေးတဲ့ ပရိတ်သတ်တွေလဲ အများအပြားရှိနေပါတယ် ။

Hip Hop လောကထဲကိုဝင်ရောက်ခဲ့တာကြာပြီဖြစ်တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကလဲ မနည်းလှပါဘူး ။

ံHip Hop လောကသားအချင်းချင်းထဲက နောက်တက်အဆိုတော်တွေကပါ ပြန်လေးစားအတုယူတဲ့သူတစ်ယောက်အဖြစ်

အနေအထိုင်အပြောအဆို ဘယ်လိုထိန်းသိမ်းလဲဆိုရာမှာတော့

" မမှန်တာမပြောတော့ဘူး မှန်တာပဲပြောတော့တယ် အဲဒါပါပဲ ။ ထူးထူးထွေထွေကြီးလိုက်ထိန်းသိမ်းနေစရာမလိုပါဘူး ။

ဒီလောကမှာမမှန်တာမပြောဘူး မဟုတ်တာမလုပ်ဘူးဆိုရင် ရတယ် " ဆိုတဲ့ဂျောက်ဂျက်က

သူ့အချစ်ရေးအကြောင်းကိုလဲပြောသွားပါတယ် ။ အချစ်ရေးနဲ့ပါတ်သတ်ပြီး ကာလကြာပြီးတည်ငြိမ်တဲ့အချစ်ရေးကို

ုပိုင်ဆိုင်ထားရပြီဖြစ်တဲ့ လူပျိုကြီးဂျောက်ဂျက်က လက်ထပ်ဖို့ကိုတော့တွေးနေပါပြီ ။

ချစ်သူက ဆရာဝန်ဘွဲ့ရပြီးကာစမို့ တစ်ချို့အလုပ်တွေ လုပ်ရဦးမယ် ။ ဂျောက်ဂျက် ကိုယ်တိုင်ကလဲ

မပြီးပြတ်သေးတဲ့ အလုပ်တွေလုပ်ရဦးမှာဖြစ်တဲ့အတွက်လက်ထပ်ဖို့ကို နှစ်ပိုင်းလေးနည်းနည်းကြာဦးမှာပါလို့ ဆိုပါတယ် ။

Source : Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။