တော်တော်များများ ကြိုက်ကျတဲ့ အချဉ်ဓာတ်ကို ကောင်းကောင်းပေးနိုင်တဲ့ သံပုရာသီးက ဆေးဖက်ဝင်အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ သံပုရာဖောျ်ရည်က သင့်ရဲ့ ခန္ဓာကိုယ်အတွက် များစွာ အထောက်အကူပေးနိုင်တဲ့ အပြင် နေ့စဉ်သောက်သင့်တဲ့ ဖောျ်ရည်တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ယနေ့မှာ သင်သိပ်မသိသေးတဲ့ သံပုရာသီးရဲ့ ကောင်းကျိုးတွေကို ဗဟုသုတအနေနဲ့ ပြနလည်ဝေမျှပေးထားပါတယ်။

(၁) အစာကြောစနစ်ကို ကောင်းမွန်စေခြင်း

သံပုရာသီးမှာပါဝင်တဲ့ soluble fiber က သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် တကယ့်ကို အစာခြေစနစ်အတွက်ကောင်းမွန်တဲ့ ဖျော်ရည်တစ်မျိုးပါ။

(၂) နှလုံးရောဂါ ကိုကာကွယ်ပေးနိုင်ခြင်း

သံပုရာသီးမှာ pectin တစ်မျိုးထဲသာမက ဗီတာမင် C ဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အပြင် မောပန်းနွမ်းနယ်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

(၃) ကင်ဆာ ဆဲလ်တွေကို လျော့ချပေးနိုင်ခြင်း

ကင်ဆာရောဂါတွေ မဖြစ်ချင်ဘူးဆိုရင်တော့ သံပုရာရည်ကို တစ်နေ့တစ်ခွက်သောက်သုံးပေးသင့်ပါတယ်။ သံပုရာသီးထဲမှာပါတဲ့ d-limonene က ကင်ဆာဖြစ်ပေါ်စေတဲ့ ဆဲလ်တွေကို အကောင်းဆုံးလျော့ချပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုးပါ။

(၄) ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

ဒီတစ်ချက်တော့ သံပုရာသီးမှ မဟုတ်ပါဘူး အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီး၊ ရှောက်သီး စတဲ့ အသီးတွေက ကျောက်ကပ်မှာ ဖြစ်ပေါ်တတ်တဲ့ ကျောက်တည်ရောဂါကို မဖြစ်ပွားအောင်ကုသပေးနိုင်ပါတယ်။

(၅) အသားအရည်ကို ကောင်းမွန်စေခြင်း

သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင် C က collagenဓာတ်ကို ဖြစ်ပေါ်စေပြီး ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဖြူစင်ဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

(၆) ပန်းနာရင်ကျပ်ရောဂါကို သက်သာစေခြင်း

သံပုရာသီးကတော့ ပန်းနာရင်ကျပ်သမားတွေအတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ကြွယ်ဝတဲ့ ဗီတာမင် C ဓာတ်က ပန်းနာရင်ကျပ်ရောဂါကို သက်သာပျောက်ကင်းစေပြီး တကယ့်ကို အထောက်အကူပြုတဲ့ အသီးတစ်မျိုးပါ။

ဒါကြောင့် သံပုရာရည်က သင်နေ့စဉ်သောက်သုံးနေတဲ့ ဖျော်ရည်တစ်ခုအဖြစ်မပါမဖြစ် ထားသင့်တဲ့ ကျန်းမာရေးဓာတ်စာ တစ်မျိုးပဲ ဖြစ်ပါတယ်။

Source:universityhealthnews.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။