လတ်တလောမှာတော့အိမ့်ချစ်တို့မောင်နှမနှစ်ယောက် သြစတေးလျနိုင်ငံကို အလည်အပတ်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ မောင်နှမနှစ်ယောက် ပျော်ပျော်ပါးပါးခရီးထွက်လာခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အချိန်ပေးနေကြတာပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက Broken Family အဖြစ်နဲ့ ကြီးပျင်းလာခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖေးမရင်းနဲ့ပဲ ဘဝကို အေးတူပူမျှဖြတ်သန်းခဲ့ကြတာပဲဖြစ်ပါတယ်။ 

ခရီးသွားနေရင်းနဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ဖခင်ဖြစ်သူ အဆိုတော်ချစ်ကောင်းရဲ့ " နားလည်ပေးပါ ကလေးရယ် " သီချင်းကို မောင်နှမနှစ်ယောက် One Shot Clip လေး ဆိုထားတာပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ သွေးတွေမောင်နှမနှစ်ယောက်လုံးမှာ စီးဆင်းနေတာမို့ နှစ်ယောက်လုံးကလည်း ဂီတပါရမီအပြည့်အဝဖြစ်လို့နေပါတယ်။ အမဖြစ်သူအိမ့်ချစ်ကတော့ အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်လို့နေပြီး မောင်ဖြစ်သူကိုလည်း လက်တွဲခေါ်ယူနေတာပဲဖြစ်ပါတယ်။

နှစ်ယောက်သားရဲ့ သီချင်း Video လေးကို " ခရီးသွားရင်း အမှတ်တရအဖြစ် အဖေ့ရဲ့ နားလည်ပေးပါကလေးရယ် သီချင်းကိုဆိုပြီးရိုက်ခဲ့တဲ့ One Shot Clip လေးပါ One shot မို့ဆိုတာမကောင်းရင်နားလည်ပေးပါခင်ဗျာ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဂစ်တာလေးတစ်လက်နဲ့ နားဆင်ရသူတွေရဲ့ရင်ထဲကို ထိရှသွားအောင် သီဆိုနိုင်ခဲ့တဲ့ မောင်နှမနှစ်ယောက်ရဲ့ ဖျော်ဖြေမှုလေးကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Junior Chit Kaung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။