အကယ်ဒမီ သက်မွန်မြင့် နဲ့ ကိုစစ်နိုင်တို့ရဲ့ သမီးငယ်လေး လဝန်းမေကတော့ ရက် ၁၀၀ ပြည့်သွားခဲ့ပါပြီ ။

သမီးလေးရဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲနဲ့ ရက် ၁၀၀ ပြည့်အလှူကို ယနေ့ မတ်လ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ် ။

မည်သူမဆို ဝင်ရောက်စားနိုင်တဲ့ မုန့်ဟင်းခါးစတုဒီသာ လှုဒါန်းခဲ့ပြီး မိတ်ဆွေသရုပ်ဆောင်များလဲ ထိုပွဲကို တတ်ရောက်ခဲ့ပါတယ် ။

မိသားစုလိုက် အပြာဝတ်စုံလေးဆင်တူနဲ့ ဖက်ရှင်ကျနေကြတဲ့ထဲမှာ

သမီးလေးလဝန်းမေကတော့ ဂါဝန်အပြာရောင်လေးမှာ ဘီးကုတ်ကလေးတပ်ပြီး ချစ်ဖို့အလွန်ကောင်းနေတော့တာပါ ။

သမီးလေးမွေးဖွားပြီးသည့်တိုင်အောင် သားလေးအပေါ်ပါ ဂရုစိုက်တာမလျော့ဘဲ တာဝန်ကျေတဲ့ သက်မွန်ကတော့

တကယ့်ကို မိခင်ကောင်းပီသသူလို့တောင်ဆိုရတော့မှာပါ ။

ပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

Source : Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။