ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရွှေ့ပြောင်းနေထိုင်သူ မိသားစုတစုဟာ အမေရိကန် မက္ကဆီကို နယ်စပ် ရီယိုဂရန်ဒေးမြစ်ကို ဖြတ်ကူးလာခဲ့တယ်လို့သိရပါတယ်။

သူတို့ဖြတ်ကူးလာတဲ့မြစ်ဟာ ရင်ညွှန့်လောက်ထိ ရေအနက်ရှိပြီး လူကြီးတွေသာမကဘဲ ကလေးငယ်လေးတွေပါဖြတ်ကူးလာခဲ့တာပဲဖြစ်ပါတယ်။  

ဒါ့ကြောင့် ဒီဖြစ်ရပ်ကိုမြင်တွေ့နေရတဲ့ တာဝန်ရှိသူတွေဟာ ၎င်းရွှေ့ပြောင်းမိသားစုထံ လှေနဲ့သွားရောက်ပြီး ကယ်ဆယ်ခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန်အာဏာပိုင်တွေဟာ အီးဂဲလ်တောင်ကြားအနီးမှာ ဖြတ်ကူးနေကြတဲ့ တခြားရွှေ့ပြောင်းလာသူတွေကိုလည်း မြင်တွေ့ခဲ့ကြတယ်လို့သိရပါတယ်။  

လက်ရှိအချိန်မှာဆိုရင်လည်း ဗဟိုအမေရိကရွှေ့ပြောင်းလာသူ ၂၀၀၀ လောက်ဟာ မက္ကဆီကိုဘက်ခြမ်း ယာယီခိုလှုံရေး စခန်းမှာ စာရွက်စာတမ်း ကိစ္စအတွက် စောင့်ဆိုင်းနေချိန် နယ်စပ်မှာ ကင်းလှည့်အဖွဲ့ဝင်တွေ ရေက်ရှိနေပြီး နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားတယ်လို့သိရပါတယ်။ 

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။