အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Hero Gold Cup 2019ပြိုင်ပွဲကတော့ယခုမှာနောက်ဆုံးဗိုလ်လုပွဲတက်မယ့်အသင်းတွေထွက်ပေါ်လာပါပြီ။ဒီပြိုင်ပွဲကိုတော့အိမ်ရှင်အိန္ဒိယအမျိုးသမီးအပါအဝင်နီပေါ၊အီရန်နဲ့မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းတွေပါဝင်ကစားကြတာဖြစ်ပါတယ်။မြန်မာအသင်းကတော့အိုလံပစ်ခြေစစ်ပွဲတွေမတိုင်ခင်ကြိုတင်ပြင်ဆင်မှုအနေနဲ့ယှဉ်ပြိုင်ခြင်းပဲဖြစ်ပါတယ်။

မြန်မာအသင်းဟာအုပ်စု၃ပွဲကစားခဲ့ပြီး၃ပွဲလုံးအနိုင်ရကာရဂိုးကလည်း၇ဂိုးထိရထားပြီးပေးဂိုးမရှိပဲနဲ့ဗိုလ်လုပွဲကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။မနေ့ကအုပ်စုနောက်ဆုံးပွဲအဖြစ်အိန္ဒိယအသင်းနဲ့ကစားခဲ့ပြီးသရေတစ်မှတ်တာနဲ့ဗိုလ်လုပွဲတက်မှာဖြစ်ပေမယ့်လည်း(၂-ဝ)နဲ့အနိုင်ရပြီးဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့နက်ဖြန်၁၅ရက်နေ့မှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ဗိုလ်လုပွဲမှာတော့နီပေါအမျိုးသမီးလက်ရွေးစင်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းနဲ့နီပေါအသင်းတို့ဟာအုပ်စုမှာတွေ့ဆုံခဲ့ပြီးမြန်မာအသင်းက(၃-ဝ)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာအမျိုးသမီးအသင်းအတွက်တော့အောင်မြင်မှုတွေရဖို့လက်တစ်ကမ်းသာလိုတော့သာဖြစ်ပါတယ်။နက်ဖြန်မှာတော့မြန်မာအမျိုးသမီးအသင်းကအကောင်းဆုံးခြေစွမ်းတွေနဲ့ဆုဖလားကြီးအမိမြေကိုသယ်ဆောင်လာနိုင်မလားဆိုတာကတော့စိတ်ဝင်စားစွာနဲ့အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

source:myanmar sport info

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။