ဥရောပကလပ်အသင်းတွေကတော့သူတို့ရဲ့ရည်မှန်းချက်ကဥရောပရဲ့အကြီးအကျယ်ဆုံးဖြစ်တဲ့ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့ပဲဖြစ်ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ဥရောပရဲ့ထိပ်သီးအသင်းတွေအများစုနဲ့ကစားရတာကြောင့်အကြိတ်နယ်နဲ့ပွဲစဉ်တိုင်းဟာရသမြောက်စေတာဖြစ်ပါတယ်။ကစားသမားတိုင်းကလည်းချန်ပီယံလိဂ်မှာအောင်မြင်ချင်တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ဥရောပသာမကတစ်ကမ္ဘာလုံးပရိသတ်တွေစိတ်အဝင်စားဆုံးပြိုင်ပွဲဖြစ်ပါတယ်။ချန်ပီယံလိဒ်ပြိုင်ပွဲမှာတော့အင်္ဂလန်၊စပိန်၊အီတလီနဲ့ဂျာမန်ထိပ်သီးကလပ်တွေကသာဆုဖလားတွေအများဆုံးဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ချန်ပီယံလိဂ်ဖလားရဖို့ကလည်းအခက်အခဲတွေအများကြီးကျော်ဖြတ်လာပြီးမှအောင်မြင်မှုကိုရတာဖြစ်ပါတယ်။

အဲ့လိုမျိုးပြိုင်ဆိုင်မှုပြင်းထန်တဲ့ချန်ပီယံလိဒ်ပြိုင်ပွဲမှာတော့ပရိတ်တွေခုချိန်ထိမှတ်မိနေဦးမယ့်ပွဲကောင်းတစ်ပွဲကတော့အင်္ဂလန်ထိပ်သီးချယ်လ်ဆီးအသင်းနဲ့ဂျာမန်ထပ်သီးဘိုင်ယန်အသင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်။အဲ့ပွဲမှာတော့ချယ်လ်ဆီးအသင်းကပယ်နတီအဆုံးအဖြတ်နဲ့သမိုင်းတစ်လျောက်ပထမဆုံးချန်ပီယံလိဂ်ကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ပွဲစဉ်တောက်လျောက်စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေနဲ့ကြည့်ရတဲ့သွင်းဂိုးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။