စမိုင်းလ်တို့ဇနီးမောင်နံှနှစ်ယောက်ရဲ့ ချစ်သက်တမ်းဟာ ယနေ့ဆိုရင် အနှစ် ၂၀ ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။ အနှစ် ၂၀ တိုင်အောင် ရွှေလက်တွေ ခိုင်ခိုင်မြဲမြဲတွဲထားပြီး တစ်ယောက်နဲ့တစ်ယောက် အချစ်မလျော့ပဲ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ချစ်စဖွယ်သမီးလေးနှစ်ယောက်နဲ့ အတူ တည်ဆောက်ထားပုံက တကယ်ကိုအားကျချင်စရာကောင်းလွန်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Surprise လုပ်ပေးတတ်ကြပြီး စမိုင်းလ်ရဲ့ ခရီးအပြန်မှာလည်း တစ်အိမ်လုံးကို ပန်းတွေခင်းပြီး ခင်ပွန်းဖြစ်သူက Surpirse လုပ်လိုက်တာပဲဖြစ်ပါတယ်။

သူမတို့နှစ်ယောက်ရဲ့ နှစ် ၂၀ တာ ချစ်ခရီးလေးအကြောင်းကို " မွေးကတည်းကစကားများတဲ့ကျမနဲ့တစ်နေကုန်စကားတစ်ခွန်းမပြောတဲ့မောင့်ကိုဘုရားကတွေ့ပေးကတည်းကတစ်သက်လုံးညားမယ်ဆိုတာကြိုသိနေတယ်..ဘယ်သူကိုမှစကားမပြောပေမဲ့ချစ်ကိုဘယ်ကိစ္စမဆိုအစအဆုံးရင်ဖွင့်တတ်တဲ့မောင် မျက်စိနှစ်လုံးပွင့်ရင်ချစ်မျက်နှာကိုကြည့် ချစ်ပျော်မှမောင်ပျော်တယ် ချစ်စိတ်ညစ်နေရင်မောင်လိုက်စိတ်ညစ်တယ် တစ်လောကလုံးကိုမရီမပြုံးပဲဆက်ဆံပေမဲ့ချစ်နဲ့တွေရင်ငပေါလေးတစ်ယောက်လိုချစ်စရာကောင်းပြီးစနောက်တတ်တဲ့မောင် ချစ်ကိုချစ်တဲ့သူတွေကိုအရမ်းချစ်ပေး ဝမ်းသာပေးတဲ့မောင် ဖုန်းတစ်လုံးမှာမိန်းမဓါတ်ပုံ ၇ထောင်ကျော် သူ့ပုံတစ်ပုံမှမရှိတဲ့မောင် အမြဲချစ်ပေးနော် အမြဲဂရုစိုက်ပေးနော် အမြဲ live လွှင့်ပေးစရာတော့မလိုပါဘူးဟီးး မောင့်ကိုအဖြေပေးခဲ့တာဒီနေဆို နှစ်၂၀ ရှိပြီ အရင်အတိုင်းပဲချစ်ပေးနေတဲ့မောင့်ကိုကျေးဇူးကမ္ဘာအခါတစ်သိန်းပါ ချစ်မြဲချစ်ဆဲမောင့်အတွက် Happy 20th anniversary of lovin " ဆိုပြီး စမိုင်းလ်က သူမရဲ့လူမှုကွန်ယက်ကနေတဆင့် ပြောပြထားတာပဲဖြစ်ပါတယ်။ 

ဇနီးကိုလည်းချစ် မိသားစုကိုလည်းတန်ဖိုးထားတဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်တစ်ယောက် အိမ်ထောင်ရေးကံကောင်းတာကြောင့် အားလုံးကလည်း ထပ်တူပီတိဖြစ် ဝမ်းသာရပါတယ်။ သူမရဲ့အိမ်ပြန်ခရီးလေးကို ရင်ခုန်စိတ်ကြည်နူးစရာတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ 20 years Anniversary လေးက ကြိုဆိုနေတာမို့ စမိုင်းလ်တစ်ယောက် အပြုံးတွေမရပ်တန့်နိုငလောက်အောင်ဖြစ်ခဲ့တဲ့ Video လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Smile 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။