မြန်မာယူ၂၂အသင်းဟာလာမယ့်မကြာခင်ရက်ပိုင်းအတွင်းမှာအာစီယံယူ၂၂ချန်ပီယံရှစ်ပြိုင်ပွဲကိုကစားတော့မှာဖြစ်ပါတယ်။အဲ့ပြိုင်ပွဲအတွက်မြန်မာယူ၂၂အသင်းဟာလေ့ကျင့်ပြင်ဆင်မှုတွေကိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။မြန်မာအသင်းဟာနည်းပြသစ်လက်ထက်ပထမဆုံးနိုင်ငံတစ်ကာပွဲဖြစ်လာမှာပါ။

အောင်မြင်မှုတွေအတွက်ရေရှည်စီမံကိန်းတွေလုပ်ဆောင်နေတဲ့မြန်မာဘောလုံးအဖွဲ့ချုပ်ကတော့ယူ၂၂အသင်းကိုလည်းနည်းပြချုပ်နေရာတွေအပြောင်းအလဲတွေလုပ်ထားတာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာတော့အိမ်ရှင်ကမ္ဘောဒီးယား၊အင်ဒိုနီးရှားနဲ့မလေးရှားအသင်းတို့ပါဝင်နေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာအောင်မြင်မှုရဖို့အတွက်အကောင်းဆုံးကြိုးစားရမှာဖြစ်သလိုမလေးရှားအသင်းကိုလည်းရှုံးကြွေးဆပ်ဖို့လိုအပ်နေတာဖြစ်ပါတယ်။မြန်မာယူ၂၂အသင်းဟာမနေ့ကဧရာဝတီယူနိုက်တက်အသင်းနဲ့ခြေစမ်းပွဲကစားခဲ့ပြီးပယ်နတီသွင်းဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။လိုအပ်ချက်တွေရျိနေပေမယ့်အချိတ်အဆက်မိပြီးကစားပုံမြန်လာတာကတော့ပရိသတ်တွေအားတက်စရာဖြစ်ပါတယ်။မြန်မာယူ၂၂အသင်းဟာလာမယ့်၁၈ရက်နေ့ညနေ၃နာရီမှာအင်ဒိုနီးရှားအသင်းနဲ့ကစားရမှာဖြစ်တာကြောင့်စောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။