သူမကိုယ်သူမ တစ်တုတ်လေးကို အမြဲသုံးနှုန်းတတ်တဲ့ သရုပ်ဆောင်မေပန်းချီတစ်ယောက် Valentine's Day မှာ ဖျော်ဖြေပွဲတစ်ခုအတွက် သီချင်းသီဆိုရမယ်ဆိုတဲ့အကြောင်းလေးကို သူမရဲ့ရင်ဖိုဖွယ်ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကိုအသိပေးထားတာပဲဖြစ်ပါတယ်။ ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်လေးက တကယ်ကိုရင်ခုန်ချင်စရာကောင်းလွန်းတာမို့ ပုရိသတို့ရဲ့ အပြတ်အသတ်ဝန်းရံမှုကိုလည်း ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့အနုပညာသက်တမ်းဟာလည်း အချိန်အတိုင်းအတာတစ်ခုထိကြာမြင့်ခဲ့ပြီဖြစ်ပြီး အောင်မြင်တဲ့ဇာတ်ပို့တစ်ဦးအဖြစ် တည်ရှိနေတာပဲ ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ သူမက ပျော်ပျော်နေတတ်ပြီး ကြုံရင်ကြုံသလို ကာလဒါနလေးတွေလည်း လုပ်တတ်ပါသေးတယ်။ ရင်ခုန်ဖွယ်ပုံရိပ်လေးတွေကို မကြာခဏတင်တတ်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ အထည်ဆိုင်လေးဖွင့်လှစ်ထားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သူမကိုစပွန်ဆာပေးထားတဲ့ပုံစံနဲ့ လူတစ်ယောက်က ပြောဆိုခဲ့မှုအပေါ်ကိုလည်း သူမက မဟုတ်ကြောင်းပြန်လည်ဖြေရှင်းခဲ့ပါသေးတယ်။

ဒီကနေ့အတွက် သူမရဲ့အကိတ်တစ်လိုင်းပုံရိပ်တွေကို " သူများတွေ Ro နေချိန် ကိုယ်ခဏနေ သီချင်ူဆိုတော့မယ်ကွယ် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အချိန်တိုင်းမှာဆွဲဆောင်မှုအပြည့်နဲ့ ရင်ခုန်ချင်စရာကောင်းလွန်းတဲ့ တစ်တုတ်လေး မေပန်းချီရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - May Panchee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။