မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်တစ်ဦးဖြစ်နေပြီဖြစ်တဲ့ ရွှေပိုးအိမ်တစ်ယောက် We Love တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမကိုချစ်ခင်တဲ့ We Love လေးတွေက watch series 4 pink gold လေး လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကာလပေါက်ဈေး ၆သိန်းကျော်လောက်ရှိပြီး သူကိုချစ်လို့လက်ဆောင်ပေးကြတာပဲဖြစ်ပါတယ်။

အောင်မြင်စပြုနေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာလည်း သူမက ပါဝင် သရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ ဘုရားတရားကိုင်းရှိုင်းပြီး အလှူလေးတွေလည်း မကြာခဏ ပြုလုပ်တတ်သူဖြစ်ပါတယ်။ ကောလဟာလတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးနောက်ပိုင်းမှာတော့ သူမက အောင်မြင်တဲ့အနေအထားတစ်ခုကို တက်လှမ်းလာပြီပဲဖြစ်ပါတယ်။

We Love လေးတွေ သူမကိုပေးတဲ့လက်ဆောင်လေးကို " We love တွေ watch series 4 pink gold လက်ဆောင်ပေးတယ် ၆သိန်းကျော်တောင် Thz so much " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဈေးနှုန်းအတိအကျကတော့ 690000 ဖြစ်ပြီး ရွှေပိုးကိုချစ်လို့ ခုလိုလက်ဆောင်ပေးကြတာပဲဖြစ်ပါတယ်။ သူမရဲ့ we love တွေကို " We love တွေကြောင့် ကျွန်မအရမ်းပျော်တယ် သူတို့ရှိရင် ကျွန်မအတွက်ပြည့်စုံပြီ " ဆိုပြီး ပြောထားပါသေးတယ်။

Photo - Shwe Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။