မနေ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ အိန္ဒိယထိန်းချုပ်ရာ ကတ်ရှ်မီးယားဒေသက စာသင်ကျောင်းတစ်ကျောင်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

မျက်မြင်သက်သေတွေကတော့ ၎င်းပေါက်ကွဲမှု မဖြစ်ခင်မှာ မည်ကဲ့သို့သော ပတ်ခတ်သံမျိုးကိုမှ မကြားရ မတွေ့ရှိခဲ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။

၎င်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ ပြည်နယ်မြို့တော် ဆရီနာဂါ တောင်ပိုင်းက ဖာလိုင်းအီမီလက် ပုဂ္ဂလိကကျောင်းဟာဆိုရင်လည်း အနည်းငယ်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိဆိုရင်လည်း ပေါက်ကွဲမှုဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသေးတာကြောင့် ရဲတပ်ဖွဲ့တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ 

ဒါ့အပြင် ၎င်းပေါက်ကွဲမှုကြောင့်ဘဲ စာသင်ကြားဖို့ရောက်ရှိနေတဲ့ ကျောင်းသားလေးတွေ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ဲကြသလို ၎င်းဒဏ်ရာရကျောင်းသားတွေ အားလုံးကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။