ကမ္ဘာ့ထိပ်တန်း တန်ဖိုးကြီးကားထုတ်လုပ်သူနှစ်ဦးက နည်းပညာမြင့် အနာဂတ်ကားများဖန်တီးဖို့အတွက် ပူးပေါင်းလိုက်ကြပါတယ်။ ကုမ္ပဏီနှစ်ခုက အနာဂတ်ကားနည်းပညာများကို မျှဝေကြမယ်လို့ သဘောတူထားကြပါတယ်။ သူတို့က အီလက်ထရစ်စွမ်းအင်၊ ဒစ်ဂျစ်တယ်နဲ့ အလိုအလျှောက်မောင်းနှင်တဲ့ နည်းပညာများကို ကားများမှာ ထည့်သွင်းကြမှာ ဖြစ်ပါတယ်။

အော်ဒီရဲ့ စီအီးအိုဖြစ်သူ Rupert Stadler က ကုမ္ပဏီနှစ်ခုမှ အတော်ဆုံးပညာရှင်များဟာ အနာဂတ်ကားများအတွက် ပူးပေါင်းကြမယ်လို့ ပြောပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ အကောင်းဆုံးနည်းပညာများကို အခြားကုမ္ပဏီတစ်ခုကနေ ရယူအသုံးပြုကြဖို့ သဘောတူညီထားကြပါတယ်။ “ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး အနာဂတ်ကားကို ပိုမိုမြန်ဆန်စွာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ယခုပူးပေါင်းမှုကြောင့် နည်းပညာများဟာလည်း ပိုမိုအဆင့်မြင့်လာမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ နည်းပညာအားလုံးကို ပူးပေါင်းဖန်တီးကြမှာ ဖြစ်ပါတယ်။  

ကုမ္ပဏီနှစ်ခု ပူးပေါင်းအလုပ်လုပ်ပေမယ့် ဘရန်းနှစ်ခုကို ပေါင်းစည်းမှာ မဟုတ်ပါဘူး။ Porsche ဟာ Porsche အတိုင်းပဲ ဆက်ရှိနေဦးမှာပါ” လို့ Porsche ရဲ့ စီမံခန့်ခွဲမှုဌာနမှ အရာရှိတစ်ဦးဖြစ်သူ Oliver Blume က ပြောပါတယ်။ ကုမ္ပဏီနှစ်ခုပေါင်းစည်းခြင်းဟာ ကုန်ကျစရိတ်သက်သာစေမှာ ဖြစ်ပါတယ်။ မပူးပေါင်းကြရင် ကုန်ကျစရိတ်ဟာ 30 ရာခိုင်နှုန်း ပိုမိုများပြားတယ်လို့ သိရပါတယ်။

Source: Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။