စီရော်နယ်ဒိုကတော့ လက်ရှိမှာ ပေါ်တူဂီနိုင်ငံမှာ CR7အမည်ရှိတဲ့ ဟိုတယ်နှစ်ခုကို ပိုင်ဆိုင်းပြီး မွေးရပ်မြေ ဖန်ချယ်လ်မြို့မှာ ၂၀၁၆ဖွင့်လှစ်ခဲ့တာပါ။ စီရော်နယ်ဒိုကတောက ယခုမှာ အဆင့်မြင့် ဟိုတယ် ၅လုံးပိုင်ဆိုင်ထားပြီး ယနေ့မှာတော့ စီရော်နယ်ဒိုတစ်ယောက် ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ CR 7အမည်ရှိတဲ့ ဟိုတယ်ကို ဖွင့်လှစ်ခဲ့ပါတယ်။  

စီရော်နယ်ဒိုကတော့ ယခုကတည်းက အိုစာမင်းစာကို ရှာနေပြီး စီးပွားရေးအကွက်မြင်တတ်တဲ့ မျက်စိရှိတယ်လို့ ချီးကျူးနေကြပါတယ်။ စီရော်နယ်ဒိုကတော့ ယခုမှာ CR7ဆိုတဲ့ ဖက်ရှင်ဆိုင်အသေးစားများစွာကို ဖွင့်လှစ်ထားပါတယ်။ ရော်နယ်ဒိုကတော့ ဘောလုံးလောကက အနားယူခါနီးလာလေ စီးပွားရေး တွေ ပိုလုပ်လာလေလေပဲ ဖြစ်ပါတယ်။  

ယနေ့မှာတော့ ရော်နယ်ဒိုတစ်ယောက် ကမ္ဘာ့အဆင့်ရှိတဲ့ CR7အဆင်မြင့်ဟိုတယ်ကို မော်ရိုကိုနိုင်ငံမှာ စတင်ဖွင့်လှစ်တော့မဲ့ အကြောင်းကို မီဒီယာတွေထံ အတည်ပြုပြောကြားလိုက်ပါတယ်။ ဖွင့်လှစ်မယ့်ဟိုတယ်ကတော့ တတိယအကြိမ်ဖြစ်ကာ အခန်းပေါင်း 168 ခန်း ၊ စားသောက်ဆိုင် ၂ ခု ၊ စီးပွားရေး စင်တာ ၊ Fitness စတာ ၊ Spa နဲ့ ရေကူးကန်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

SOURCE: THE SUN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။