Valentine’s Day နေ့လေးဆိုတာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အပြန်အလှန် ပန်းစည်းတွေ ချောကလက်တွေပေးရင်း ပျော်ရွှင်စရာကောင်းတဲ့ နေ့လေးတစ်နေ့ပါ။ ဒါပေမယ့် မြန်မာလူငယ်တွေအများစုကတော့ ယခုလိုနေ့လေးမှာ စိတ်အလိုလိုက်မှုကြောင့် အမှားတွေများစွာဖြစ်ပေါ်တတ်ကြပါတယ်။ ပြောချင်တာကတော့ အမျိုးသမီးငယ်လေးတွေက ကိုယ့်ရဲ့ ဘဝတစ်ခုလုံးကို ကိုယ့်ချစ်ရတဲ့ ကောင်လေးကို ပုံပေးလိုက်ခြင်းပါ။ ဒီအချက်က လက်ဝါးနဲ့ လက်ဖမိုး လိုပါပဲ သူ့ဘက်ကြည့်ရင်လည်း မှန်သလို မြန်မာလူမျိုးတွေအနေနဲ့ ဆိုရင်လည်း လုံးဝစောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်တစ်ခုပါ။ ဒါကြောင့် ယနေ့ VDay နေ့လေးမှာ ကိုယ့်ရဲ့ ဘဝကို ဘာကြောင့် ထိန်းသိမ်းသင့်လည်း ဆိုတာကို ကျန်းမာရေး ရူထောင့်ကနေဖော်ပြပေးလိုက်ပါတယ်။

(၁) အနောက်တိုင်းနိုင်ငံတွေမှာ ဆိုရင် လိင်မှုဆိုင်ရာကိစ္စတွေက ငယ်စဉ်ကတည်းက သင်ကြားရတာကြောင့် သိပ်ပြီး မစိမ်းကြပေမယ့် မြန်မာအမျိုးသမီးငယ်တွေကတော့ လိင်မှုဆိုင်ရာနဲ့ ပတ်သတ်ပြီး ဆွေးနွေးကြမယ်ဆိုရင် အရမ်းကို အရှက်အကြောက်ကြီးကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ပထမဆုံး အတူနေထိုင်တဲ့ အခါ ဘာတွေ ဖြစ်နိုင်တယ် ဘယ်လိုတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကို မသိပဲ အတူနေလိုက်မိရင်တော့ သင့်ဘဝအတွက် တကယ့်ကိုဆိုးရွားမှုတွေဖြစ်နိုင်လို့ ရှောင်ကျဉ်သင့်ပါတယ်။

(၂) ချစ်သူနှစ်ဦးအတူနေကြတဲ့ အချိန်မှာ ခံစားချက်က အရမ်းကို ပြင်းထန်စေတာကြောင့် ကိုယ့်ရဲ့ ဦးနှောက်နဲ့ လိင်ဆက်ဆံခြင်းက တိုက်ရိုက်ဆက်နွယ်မှုတွေရှိနေပါတယ်။ အကယ်၍ သင့်ရဲ့ ဆန္ဒကို မရပ်တန့်နိုင်တဲ့ အချိန်မျိုးတွေမှာဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ကိုလည်း ပိုပြီး နာကျင်ထိခိုက်စေပြီး ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်တာကြောင့် လုံးဝ စမ်းမကြည့်သင့်တဲ့ အရာပါ။

(၃) ကိုယ့်ဘဝရဲ့ လက်တွဲဖော်လို့ ရည်မှန်းထားတဲ့ သူနဲ့ လက်မထပ်ခင် အတူတူနေခြင်းက သင်တို့နှစ်ယောက်ရဲ့ အနာဂတ် အိမ်ထောင်ရေးသာယာမှုကို လုံးဝပျက်စီးစေနိုင်ပါတယ်။

(၄) များသောအားဖြင့် အပျိုမိန်းကလေးတွေက လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ ရောဂါကူးစက် ပြန့်ပွားနှုန်းက တအားကို မြင့်တာကြောင့် လိင်ပိုင်းဆိုင်ရာ ဗဟုသုတမရှိသေးပဲ တူတူနေလိုက်ခြင်းက သင့်ဆီကို ကြောက်မယ်ဖွယ်ရောဂါတွေကို ဝင်ရောက်လာစေနိုင်ပါတယ်။

ဒါကြောင့် မြန်မာအမျိုးသမီးငယ်လေးတွေအနေနဲ့ ကိုယ့်ရဲ့ အပျိုစင်ဘဝလေးကို ထိန်းသိမ်းထားခြင်းက ပိုပြီးတော့ ကောင်းမွန်တဲ့ အနာဂတ်ဘဝလေးတွေကို ရရှိနိုင်မှာဖြစ်လို့ ဆုံးဖြတ်မမှားဖို့လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်တိုင်းက သင့်ပေါ်မှာပဲ မူတည်ပါတယ် မယ်မဒီလေးရေ..။

Source: firstcareclinic.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။