နာမည်ကျော်အဆိုတော်တွေဖြစ်ကြတဲ့ အကယ်ဒမီထွန်းထွန်း၊ အမွှာလေးတို့ဖေဖေ ဝေလျှံနဲ့ Dဖြိုးတို့ သုံးယောက်သားရဲ့ Music Video လေးဟာ ဒီနေ့မှာထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ သီချင်းနာမည်ကတော့ " You are My everything " ဖြစ်ပြီး ချစ်သူလေးကို သိပ်ချစ်တဲ့အကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးသားထားတာပဲဖြစ်ပါတယ်။ တကယ့်ကို Ro ဆန်တဲ့သီချင်းလေးမို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်။ Legend ကြီး သုံးယောက်ရဲ့ Creation ဆိုတော့ တကယ့်ကိုအမိုက်စားပဲနော်။

အောင်မြင်တဲ့အဆိုတော်တွေဖြစ်ကြပြီး ထွန်းထွန်းကတော့ သရုပ်ဆောင်ပိုင်းမှာပါထူးချွန်ခဲ့ပြီး အကယ်ဒမီဆုကိုပါ ထိုက်ထိုက်တန်တန်ရရှိထားသူ လည်းဖြစ်ပါတယ်။ သုံးယောက်သားရဲ့ ဖန်တီးမှုလေးကတော့ ရင်ခုန်ကြည်နူးဖွယ်ရာထွက်ပေါ်လာခဲ့ပြီး သီချင်း MTV လေးကိုလည်း သီဆိုသူတွေဖြစ်တဲ့ ထွန်းထွန်း ဝေလျှံနဲ့ Dဖြိုးတို့က မော်ဒယ်ဇွန်လေးဖြူနဲ့အတူ ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။

ကိုယ့်ချစ်သူကိုဖွင့်ပြလိုက်ရင် တကယ့်ကိုကြွေဆင်းသွားမယ့် အချစ်သီချင်းလေးတစ်ပုဒ်မို့ အမြန်သာ Down ပြီး Ro လိုက်တော့နော်။ ဒီနေ့က ချစ်သူများနေ့ဆိုတော့ ချစ်သူကိုဖွင့်ပြလို့အကောင်းဆုံးအချိန်ပါပဲ။ ကြည်နူးစရာကောင်းတဲ့သီချင်းလေးနဲ့ လိုက်ဖက်တဲ့ MTV လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Htin Aung Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။