ဒီနေ့ချစ်သူများနေ့ဟာတော့ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲလေးရဲ့ အမှတ်တရနေ့ရက်လေးပဲဖြစ်ပါတယ်။ နှစ်ယောက်သားက ဒီနေ့မှာ စေ့စပ်လိုက်ပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးလိုက်တာပဲဖြစ်ပါတယ်။ ချစ်သက်တမ်းနှစ်နှစ်ကျော်လာပြီးနောက်မှာတော့ စေ့စပ်လိုက်ပြီ ဖြစ်ပြီး မင်္ဂလာပွဲက ဘယ်အချိန်မှာကျင်းပမလည်းဆိုတာတော့ ပရိသတ်တွေက ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပါပဲ။ နှစ်ယောက်သားက ရှေ့သွားနောက်လိုက်ညီပြီး တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြပုံလေးက တကယ်ကိုအားကျချင်စရာပါပဲ။

နှစ်ယောက်သားရဲ့ အချစ်ဇာတ်လမ်းလေးက " သရဲသင်္ဘော " ဆိုတဲ့ ဟာသဇာတ်လမ်းလေးမှာ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ ရွှေလက်တွေ ခိုင်ခိုင်မြဲမြဲတွဲထားပြီးနောက်မှာတော့ စေ့စပ်ကြောင်းလမ်းခြင်းဆိုတဲ့ နှောင်ကြိုးလေးတစ်ခုကို ထပ်မံရစ်ပတ်လိုက်တာပဲဖြစ်ပါတယ်။ အဖြူရောင်ဝတ်စုံလေးတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ နှစ်ယောက်သားရဲ့ပုံရိပ်လေးတွေဟာ ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားလွန်းနေပါတယ်။

နှစ်ယောက်သားရဲ့ မင်္ဂလာသတင်းလေးကို " Happy Our Valentine’s Day မင်းမဟုတ်တဲ့ အခြားအရာတွေနဲ့တော့ ဘဝကိုအိုမင်းမသွားချင်ဘူး ဒီနေ့ ကျွန်တော်တို့ ၂ ယောက် စေ့စပ်လိုက်ပါပြီ " ဆိုပြီး လူမှုကွန်ယက်မှာ ကြေညာလိုက်တာပဲဖြစ်ပါတယ်။ Congratulation ပါနော်။ သာယာကြည်နူးတဲ့ မိသားစုဘဝလေးကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photo - Thuri Ya & Hsu Eaint San 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။