ပရိသတ်တွေရဲ့ Idol Couple လေးဖြစ်တဲ့ G-Fatt နဲ့ နန်းဆုတို့နှစ်ယောက်သား Valentine's Day မှာ ဘားအံမြို့ရဲ့ ချစ်သူမြိုင်မှာကျင်းပတဲ့ ဖျော်ဖြေပွဲလေးမှာ အတူတူဖျော်ဖြေတင်ဆက်နေကြတာပဲဖြစ်ပါတယ်။ နန်းဆုတစ်ယောက် သူမရဲ့ " ရူးအောင်ချစ်ရသူ " သီချင်းလေးကို G-Fatt နဲ့အတူ သီဆိုအသုံးသတ်အပြီးမှာတော့ ပရိသတ်တွေကို စင်ပေါ်ကနေ ချောကလက်တွေ ပစ်ချပြီး လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

ချစ်သူများနေ့မှာ G-Fatt တို့ Ro ပုံများ နန်းဆုကို ပန်းရောင်မိုးပျံဘူဖောင်းတွေအများကြီး လက်ဆောင်ပေးပြီး လေထဲလွှတ်ခိုင်းတာ တကယ်ကိုအားကျချင်စရာကြီးပါ။ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြပြီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ချစ်သူဘဝရဲ့ ရသလေးကို အပြည့်အဝ ပိုင်ဆိုင်ထားကြသူတွေလည်းဖြစ်ပါတယ်။ အလုပ်တွေအများကြီးကြိုးစားချင်သေးတာမို့ လက်ရှိမှာတော့ အိမ်ထောင်ပြုဖို့ လိုဦးမယ်လို့လည်းဆိုပါတယ်။

ချစ်စရာကောင်းတဲ့ချစ်သူနှစ်ဦးရဲ့ Valentine လေးဟာ ပရိသတ်တွေကို ဖျော်ဖြေရင်းနဲ့ အတူတူကုန်ဆုံးခဲ့ကြတာမို့ အမှတ်တရပါပဲနော်။ ဘယ်အချိန်ကြည့်ကြည့် လှသွေးကြွယ်လွန်းတဲ့ နန်းဆုကို G-Fatt တစ်ယောက် သဲသဲလှုပ်ချစ်တာတော့ အထူးအဆန်းမဟုတ်တော့ပါဘူး ပရိသတ်ကြီးရေ။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။