မိန်းမလျှာဇာတ်ရုပ်နဲ့ ပရိသတ်တွေ သတိထားမိလာတဲ့ ဇာတ်ပို့သရုပ်ဆောင် ရဲလေးမတစ်ယောက် ပရိသတ်တွေကို စနောက်လိုက်တာပဲဖြစ်ပါတယ်။ မြန်မာ့ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီပြေတီဦး၊ ထပ်ဆင့်အကယ်ဒမီနေတိုး၊ အကယ်ဒမီမြင့်မြတ်၊ အောင်ရဲလင်းနဲ့ ဇေရဲထက်တို့နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို " VDမှာချစ်သူများနဲ့ရဲလေးမသာယာပါ၏အဟိ့ဟိ့ဟိ့ " ဆိုပြီး ခပ်နောက်နောက်လေး တင်ထားတာပဲ ဖြစ်ပါတယ်။

ယခင်က မိန်းမလျှာဇာတ်ရုပ်တွေမှာသိပ်မတွေ့ရပဲ အခုနောက်ပိုင်းမှာမှ မိန်းမလျှာဇာတ်ရုပ်တွေမှာ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကလည်း သဘောတကျနဲ့ အားပေးလာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ တကယ့်ကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေရဲ့ ရယ်မောပျော်ရွှင်မှုတွေကို အဆုံးစွန်ထိ သယ်ဆောင်သွားပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ အနုပညာသမားတစ်ယောက်ပါပဲ။

ရိုက်ကွင်းမှာဆုံတွေ့တုန်းရိုက်ကူးထားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေဟာ ချစ်သူများနေ့မှာတော့ ပြောစမှတ်တွင်အောင် ရဲလေးမတို့က အပြတ်ကိုနောက်ပြောင်ကျီစယ်လိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ရဲလေးမကတော့ ရိုက်ကွင်းပေါ်မှာတင်မကပဲ အပြင်မှာလဲ နောက်ပြောင်ကျီစယ်တတ်သေးတယ်နော်။

Photo - Ye Lay Ma

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။