မနေ့က ချစ်သူများနေ့လေးမှာတော့ သူရိယနဲ့ဆုအိမ့်စံတို့နှစ်ယောက်သား ပရိသတ်တွေ ကို Surprise လုပ်လိုက်တာပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ စေ့စပ်တဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှလိုက်ပြီနောက်မှာတော့ အားလုံးကလည်း ကာယကံရှင်တွေနဲ့ ထပ်တူ ဝမ်းသာကြည်နူးခဲ့ကြပါတယ်။ အဖြူရောင်သတို့သားနဲ့သတို့သမီးလေးတို့ရဲ့ ကြည်နူး မှုအပြုံးပုံရိပ်လေးတွေဟာ မြင်သူတိုင်းရဲ့ရင်ကို အေးမြကြည်နူးစေမှာအသေအချာပါပဲ။

ချစ်ခဲ့ကြတဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ ဆုဆုတစ်ယောက် သာယာချမ်းမြေ့တဲ့ အချစ် ရေးလေးကိုပိုင်ဆိုင်အောင် သူရိယတစ်ယောက် အစွမ်းကုန်ချစ်ပြီး ဂရုစိုက်ပေးခဲ့တာပဲဖြစ်ပါ တယ်။ နှစ်ယောက်သားရဲ့အချစ်ဇာတ်လမ်းလေး စတင်ခဲ့တဲ့ " သရဲသင်္ဘော " ဆိုတဲ့ ဇာတ်ကားလေးဟာလည်း ပရိသတ်တွေရဲ့ဝက်ဝက်ကွဲအားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ သူရိယရဲ့မိဘတွေဟာလည်း လွန်ခဲ့တဲ့ 31 နှစ်က ချစ်သူများနေ့မှာပဲ မင်္ဂလာဆောင် ခဲ့ကြတာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကို " ဖေဖေမေမေတို့လဲ ချစ်သူများနေ့ သားသားနဲ့ ဆုဆုလဲ ချစ်သူ များနေ့.. ၃၁ နှစ်ပြည့် Anniversary အတွက် Congratulations ပါ ဖေဖေနဲ့မေမေ " ဆိုပြီး သူရိယက မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကိုဆုတောင်းပေးထားတာဖြစ်ပါတယ်။ ဖေဖေနဲ့မေမေလိုပဲ နှစ်တွေအကြာကြီး မေတ္တာမပျယ်ပဲချစ်နိုင်ကြတဲ့ စုံတွဲလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - Thuri Ya & Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။