ပရိတ်သတ်ကြီးရေ ရွှေထူးနဲ့ရွှေမှုံရတီ စုံတွဲလေးကတော့ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြပြီး မခွဲနိုင်ကြလို့ နှစ်ယောက်တစ်ဘဝလေးကို မြန်မြန်လေးထူထောင်လိုက်တာဖြစ်ပါတယ်။ရွှေမှုံလေးက အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေအများကြီးရနေတဲ့ ပရိတ်သတ်အချစ်တော်လေးဖြစ်သလို ရွှေထူးကလည်း သီချင်းတွေနဲ့ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတဲ့ အဆိုတော်တစ်ယောက်ပါနော်။ရွှေထူးနဲ့ရွှေမှုံ့ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက် လုပ်လာကြရင်း ဖူးစာဖက်ကာ နှစ်ယောက်သား ရေစက်ဆုံခဲ့ပါတယ်။

ရွှေရွှေ ဇနီးမောင်နှံလို့ ပရိတ်သတ်တွေက ချစ်စနိုးနဲ့ခေါ်ကြပြီး ရွှေထူးကလည်း ရွှေမှုံလို ဇနီးချောချောလေးကို မျက်စိအောက်က အပျောက်မခံနိုင်အောင်ဖြစ်ပြီး အရမ်းချစ်အရမ်းအလိုလိုက်ပါတယ်နော်။ရွှေမှုံကလည်း အသက်ငယ်သေးပေမယ့် အိမ်ထောင်ပြုလိုက်တဲ့အခါ ဇနီးမယားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ကြိုးစားပမ်းစားနဲ့ ကျေပြွန်အောင် ဆောင်ရွက်နေတဲ့ ဇနီးကောင်းလေးပါနော်။နှစ်ယောက်လုံးက အခုချိန်မှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်ရင်း ပရိတ်သတ်ရဲ့ အချစ်ကို တစ်ဖန်ပြန်လည်ရယူနေပါတယ်။

ရွှေရွှေဇနီးမောင်နှံက ခရီးတွေထွက်ရတာလည်း ဝါသနာပါပြီး နှစ်ယောက်လုံးရဲ့ အားလပ်ရက်တွေမှာဆိုရင် အပန်းဖြေတဲ့ အနေနဲ့ ခရီးတွေထွက် ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့လည်း ရိုတတ်ပါသေးတယ်နော်။အခုဆိုရင်လည်း ရွှေထူးနဲ့ ရွှေမှုံက ဘာလီကို အပန်းဖြေခရီးထွက်နေပြီး အရမ်းကိုလှပြီး အရမ်းကိုရိုနေကြပါတယ်။ချစ်သူများနေ့မှာဆိုရင်လည်း မန္တလေးမှာ ဇနီးမောင်နှံနှစ်ယောက်တည်း ညစာစားပွဲလေးကို ကျင်းပလိုက်ပြီး အနမ်းလေးတွေခြွေနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်။

Source:Shwe Hmone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။