နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအဆိုတော် အုပ်စိုးခန့်ဟာ အသံသာကောင်းရုံသာမကပဲ မိန်းကလေးတွေကြွေကျစေလောက်တဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ဟာ “ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ” ဆိုတဲ့သီချင်းလေးမှတစ်ဆင့် ဂီတလမ်းကြောင်းကို စတင်ဝင်ရောက်လာသူပါ။ သူဟာ ကိုယ်တိုင်းရေးတဲ့ သီချင်းတွေကိုMTV လေးတွေစတင်ရိုက်ကူးရာမှတစ်ဆင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိခဲ့သူလည်း ဖြစ်ပါတယ်။ 

အုပ်စိုးခန့်တစ်ယောက်ကတော့ သူ့ရဲ့ချောမောလှတဲ့ရုပ်ရည်၊ စမတ်ကျလှတဲ့ဖက်ရှင်တို့ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ချစ်ခင်အားပေးခြင်းကို ရရှိထားသူပါ။ သူ့ရဲ့အသံချိုချိုလေးကလည်း ဆွဲဆောင်မှုတွေထဲက တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ လက်တလောမှာတော့ “ The Number One " ဆိုတဲ့တေးစီးရီးAlbumလေးကိုထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ 

အသံချိုချိုလေးနဲ့ပရိတ်သတ်တွေကို ဖမ်းစားထားနိုင်တဲ့ အုပ်စိုးခန်းတစ်ယောက်ကတော့ လတ်တလောမှာ နာမည်ကြီးရေပန်းစားနေတဲ့ ကော်နီရဲ့" ဆေး " သီချင်းလေးကို Cover Song အဖြစ်ပြန်လည်သီဆိုလိုက်တာပဲ ဖြစ်ပါတယ်။ သီချင်းလေးကို ခံစားချက်အပြည့်နဲ့သီဆိုထားတာပဲ ဖြစ်ပါတယ်။ သီချင်းလေးကို ပရိတ်သတ်ကြီးလည်း ခံစားနားဆင်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Source - Oak Soe Khant 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။