ပရိသတ်တွေရဲ့ အချစ်တော်လေး ကျော်ကျော်ဗိုကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကိုရယူပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကိုကြံ့ကတော့ သရုပ်ဆောင်ပိုင်းမှာလဲပိုင်နိုင်ကျွမ်းကျင်သလို အဆိုပိုင်းမှာလဲပိုင်နိုင်ကျွမ်းကျင်တဲ့ စွယ်စုံရသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။  

ယောက်ျားပီသပြီး တောင့်တင်းကျစ်လစ်တဲ့ ကြွက်သားတွေကို ပိုင်ဆိုင်ထားတဲ့ ကျော်ကျော်ဗိုက သူ့ကိုယ်သူ ဗိုက်ပူဝတုတ်တဲ့ ခန္ဓာကိုယ်ကြီးဖြစ်သွားအောင် Memories Of Tomorrow “ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြောင်းလဲယူလိုက်ပါတယ်။ ယနေ့မှာတော့ Memories Of Tomorrow “ ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်ပြီးတော့မှာကြောင့် ပြန်ပိန်သွားအောင် ပြုလုပ်နေပါတယ်။  

ကျော်ကျော်ဗိုကတော့ ဗိုက်ချွဲချွဲနဲ့ ဝတုတ်နေတဲ့ခန္တာကိုယ်ကြီးကို တစ်လအတွင်း လုံးဝပိန်ပိန်လေးဖြစ်သွားအောင် ဝိတ်ချတော့မှာပဲဖြစ်ပါတယ်။ ကျော်ကျော်ဗိုကတော့ " Memories Of Tomorrow “ ရုပ်ရှင်လည်းပြီးသလောက်ရှိပြီဆိုတော့အဲ့ကားထဲက Character အတွက်ကျွန်တော့်ဗိုက်ပူပေးဖို့မလိုတော့ဘူးဒီနေ့ကျွန်တော် Bodyweight ပြန်စချပါပြီ။( တစ်လအတွင်း ) " ဆိုပြီးရေးသားထားပါတယ်။

source: ကျော်ကျော်ဗို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။