လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာတော့ "လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကားကြီးက အရမ်းကိုရေပန်းစား လူကြိုက်များနေတာ တွေ့ရပါတယ်။ ကောင်းမွန်တဲ့ဖန်တီးမှုတွေနဲ့ အနှစ်သာရပြည့်ဝတဲ့ သရဲကားစစ်စစ်ကိုမှ ကြည့်ရှုချင်ကြတဲ့ ပရိသတ်တွေအတွက် "မဟူရာရုပ်ရှင်ရုံ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ပရိသတ်ရှေ့မှောက်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးကိုတော့ "7th Film Production" က ရိုက်ကူးထုတ်လုပ်ပြီး "မုန်းစွဲ" ဇာတ်ကားကြီးအပြီး နောက်ထပ်ထွက်ရှိလာတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ နန်းဆုဦးတို့အပြင် အိန္ဒိယမင်းသမီးချောလေး ရီယာရေးလည်း ပါဝင်ထားတာ ဖြစ်ပါတယ်။ မင်းသမီး ရီယာရေးကတော့ အိန္ဒိယနွယ်ဖွားတစ်ယောက်ဖြစ်ပြီး အခုလက်ရှိမှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ နေထိုင်နေတာဖြစ်ပါတယ်။ သူမအနေနဲ့ နာမည်ကြီး American Music Video တွေအများဆုံးရိုက်ကူးရတဲ့ အိန္ဒိယမော်ဒယ်ဖြစ်သလို သူမရဲ့အနုပညာလှုပ်ရှားမှုတွေကလည်း တကယ့်ကို အောင်မြင်မှုများစွာ ရရှိထားတာ တွေ့မြင်ရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားအတွက်လိုအပ်တဲ့ အဓိကဇာတ်ကောင်တစ်ယောက်နေရာမှာ ဘာသာစကားအရ၊ သွင်ပြင်ပုံစံအရ ကိုက်ညီနေတာကြောင့် Riya Ray က ကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်ပြီး သူမကို Asia Culture Fund ဆိုတဲ့ International NGO တစ်ခုက Regional Manager တစ်ဦးအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။

အခုလည်း ထပ်မံထွက်ရှိလာတဲ့ "မဟူရာရုပ်ရှင်ရုံ" ဇာတ်ကားကြီးရဲ့ Teaser နှင့် Making (Episode - 1) ဗီဒီယိုဖိုင်လေးကတော့ ထူးထူးခြားခြားပုံစံနဲ့ စိတ်ဝင်စားစရာကောင်းတာကြောင့် ပရိသတ်တွေကြားမှာ ကြည့်ရှုသူအများအပြားရရှိထားပါတယ်။ ဒီဗီဒီယိုဖိုင်လေးမှာတော့ ဒီဇာတ်ကားကြီးကို ပြုလုပ်ဖန်တီးထားတဲ့ နောက်ကွယ်က ရိုက်ကွင်း၊ ရိုက်ကွက်တွေနဲ့ နေတိုး၊မင်းသွေးစတဲ့ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေကိုပါ မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ကြည့်ရှုနေကျ ဇာတ်ကားတွေနဲ့ မတူကွဲပြားပြီး ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းတဲ့ ဒီဇာတ်ကားကြီးကတော့ မကြာခင်မှာ ရေပန်းစားအောင်မြင်လာမယ့် သရဲကားစစ်စစ်ဖြစ်ကြောင်း အာမခံနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "မဟူရာ ရုပ်ရှင်ရုံ" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Teaser နဲ့ Making (Episode - 1) ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကား - The Dark Cinema;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။